■ စီးရီးအေ ပွဲစဉ်(၅)နှင့် ကိုပါအီတာလီယာ ဒုတိယအဆင့် ပွဲကြိုသုံးသပ်ချက်

■ စီးရီးအေ ပွဲစဉ်(၅)နှင့် ကိုပါအီတာလီယာ ဒုတိယအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: Atalanta
Photo: Atalanta
Published 24 September 2024

◘ အတ္တလန်တာ - ကိုမို (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၁၅ နာရီ)

စက်တင်ဘာလ ၂၃ ရက်မှာ ကစားရမှာဖြစ်ပေမဲ့ မိုးသည်းထန်စွာရွာနေလို့ တစ်ရက်ရွှေ့ဆိုင်းခဲ့ရတာဖြစ်တယ်။ အတ္တလန်တာက ဖီအိုရင်တီးနားနဲ့ပွဲမှာ နောက်ကလိုက်ကစားခဲ့ရပေမဲ့ အနိုင်(၃)မှတ်ကို ရယူနိုင်ခဲ့တယ်။ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုကတော့ ကစားပုံမဆိုးပေမဲ့ လိုအပ်ချက်တွေများနေတယ်။ အတ္တလန်တာပဲ နိုင်ပွဲဆက်ဖို့များပါတယ်။ ဂိုးများနိုင်တယ်။

◘ တိုရီနို - အမ်ပိုလီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၁၅ နာရီ)

စီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့အသင်း(၂)သင်း ကိုပါအီတာလီယာမှာ တွေ့ ဆုံကြတာဖြစ်တယ်။ အခုရာသီ လိဂ်ပွဲ (၅)ပွဲမှာလည်း သူတို့နှစ်သင်းရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာပါ။ အိမ်ရှင်အသင်းပဲကြိုက်တယ်။

◘ ကိုပါအီတာလီယာ အခြားပွဲစဉ်များ

လက်ချီ        -    ဆာဆူအိုလို*

ကာဂလီယာရီ    -    ခရီမိုနီဆီ*

Most Read

Most Recent