တံကောက်ကြောဒဏ်ရာကြောင့် လာပေါ့တ် (၃)ပတ်ခန့် အနားယူရမည်ဟု ဂွါဒီယိုလာ အတည်ပြု

တံကောက်ကြောဒဏ်ရာကြောင့် လာပေါ့တ် (၃)ပတ်ခန့် အနားယူရမည်ဟု ဂွါဒီယိုလာ အတည်ပြု
Published 28 February 2020

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းနောက်ခံလူ လာပေါ့တ်သည် တံကောက်ကြောဒဏ်ရာကြောင့် (၃)ပတ်ခန့် အနားယူရမည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းနောက်ခံလူ လာပေါ့တ်သည် တံကောက်ကြောဒဏ်ရာကြောင့် (၃)ပတ်ခန့် အနားယူရမည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

အသက် (၂၅)နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံလူ လာပေါ့တ်သည် ဖေဖော်ဝါရီ (၂၆)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၂) မန်စီးတီးပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၃၃)မိနစ်၌ ဖာနန်ဒင်ဟိုနှင့် လူစားလဲခဲ့ရသည်။ 

ဂွါဒီယိုလာက အသင်းနောက်ခံလူ လာပေါ့တ် ဒဏ်ရာရရှိခဲ့ခြင်းမှာ ၎င်းတို့ကို အခက်တွေ့စေကြောင်း ပြောကြားခဲ့သည်။ 

ဂွါဒီယိုလာက "လာပေါ့တ်အနေနဲ့ (၃)ပတ်လောက် အနားရယူမှာပါ။ ဒီထက် ပိုများနိုင်သလို၊ ဒီထက်စောပြီးလည်း ဒဏ်ရာက ပြန်လည်သက်သာနိုင်ပါတယ်။ လာပေါ့တ် ဒဏ်ရာရသွားတာက ကျွန်တော်တို့ကို အခက်တွေ့စေပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဒါမျိုးက ကြုံနေကျအရာတွေပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒါကို လက်ခံပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

လာပေါ့တ်သည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး ရာသီအစပိုင်းတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် (၅)လခန့်အနားယူခဲ့သူဖြစ်သည်။ 

၎င်းသည် ဒူးဒဏ်ရာ ပြန်လည်ကောင်းမွန်လာပြီးနောက် မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲသာ ပါဝင်ကစားထားသေးပြီး ရီးယဲလ်မက်ဒရစ်နှင့်ပွဲတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent