ယူရိုပါလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်တွင် ရေပန်းအစားဆုံး မန်ယူအသင်း ဩစတြီးယားကလပ် LASK နှင့် တွေ့ဆုံ

ယူရိုပါလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်တွင် ရေပန်းအစားဆုံး မန်ယူအသင်း ဩစတြီးယားကလပ် LASK နှင့် တွေ့ဆုံ
Photos: Reuters & Getty Images
Photos: Reuters & Getty Images
Published 28 February 2020

၂၀၁၉-၂၀၂၀ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ရှုံးထွက်(၁၆) သင်းအဆင့်ပွဲစဉ်များကို ဖေဖော်ဝါရီ (၂၇)ရက်က မဲနှိုက်ရေးဆွဲရာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး မန်ယူအသင်းသည် ဩစတြီးယားကလပ် LASK အသင်းနှင့် တွေ့ဆုံနေကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ရှုံးထွက်(၁၆) သင်းအဆင့်ပွဲစဉ်များကို ဖေဖော်ဝါရီ (၂၇)ရက်က မဲနှိုက်ရေးဆွဲရာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး မန်ယူအသင်းသည် ဩစတြီးယားကလပ် LASK အသင်းနှင့် တွေ့ဆုံနေကြောင်း သိရသည်။

ပွဲစဉ်များရေးဆွဲမှုကို ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) ၏ ဒုတိယအထွေထွေအတွင်းရေးမှူး မာချက်တီနှင့် ဘိုင်ယန်မြူး နစ်၊ လီဗာပူးလ်၊ မန်စီးတီးအသင်း ကွင်းလယ်ကစားသမားဟောင်း ဟာမန်းတို့က ဆောင်ရွက်ခဲ့သည်။

မဲနှိုက်ရွေးချယ်ခဲ့သည့် ပွဲစဉ်များအရ ရေပန်းအစားဆုံးဖြစ်နေသည့် မန်ယူ အသင်းသည် LASK အသင်းနှင့် အဝေးကွင်းစတင်ကစားရမည်ဖြစ်ပြီး ဝုလ်ဗ်အသင်းမှာမူ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းကိုကျော်ဖြတ်လာသည့် အိုလံပီယာကော့စ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ 

အင်တာမီလန်-ဂီတာဖေး၊ ဆီဗီလာ-ရိုးမား ပွဲစဉ်များမှာ အကြိတ်အနယ်ရှိနိုင်ပြီး အခြားပွဲစဉ်များတွင် ဘာရှက်ဆီဟီ-ကိုပင်ဟေဂင်၊ ရိန်းဂျားစ်-လေဗာကူဆင်၊ ဝုလ်ဖ်ဘတ်-ရှက်တာဒိုးနက်၊ ဆာလ်ဇ်ဘာ့ဂ်/ဖရန့်ဖတ်-ဘေဆယ်တို့ ဆုံတွေ့နေကြောင်း သိရသည်။ 

ဆာလ်ဇ်ဘာ့ဂ်နှင့် ဖရန့်ဖတ်တို့ပွဲမှာ မုန်တိုင်း တိုက်ခတ်မှုကြောင့် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမအကျော့တွင် ဖရန့်ဖတ်အသင်းက အိမ်ကွင်း၌ (၄-၁) ဂိုးဖြင့် ဂိုး ပြတ်အနိုင်ရထားသည်။ 

ယူရိုပါလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ကို မတ် (၁၂) ရက်နှင့် ဒုတိယအကျော့ကို မတ် (၁၉) ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယခုရာသီ ဗိုလ်လုပွဲကို မေ ၂၇ ရက်တွင် ပိုလန်နိုင်ငံ ဂန့်စ်မြို့ရှိ Stadion Energa Gdansk ကွင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယူရိုပါလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်များ ထွက်ပေါ်လ ပြီးနောက် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအဖြစ် မန်ယူ အသင်းက အလေးပေးမှု ၇/၂ ဖြင့် ဆက် လက်ရပ်တည်နေပြီး အင်တာမီလန်အသင်းက ၅/၁ လေး၊ ဝုလ်ဗ်အသင်းက ၁၃/၂ လေး၊ ဆီဗီလာအသင်းက ၇/၁ လေး၊ လေဗာကူ ဆင်အသင်းက ၈/၁ လေးဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိကြောင်း သိရသည်။

■ ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များ

ဘာရှက်ဆီဟီ (တူရကီ) - ကိုပင်ဟေဂင် (ဒိန်းမတ်)

အိုလံပီယာကော့စ် (ဂရိ) - ဝုလ်ဗ် (အင်္ဂလန်)

ရိန်းဂျားစ် (စကော့တလန်) - လေဗာကူဆင် (ဂျာမနီ)

ဝုလ်ဖ်ဘတ် (ဂျာမနီ) - ရှက်တာဒိုးနက် (ယူကရိန်း)

အင်တာမီလန် (အီတလီ) - ဂီတာဖေး (စပိန်)

ဆီဗီလာ (စပိန်) - ရိုးမား (အီတလီ)

ဖရန့်ဖတ်(ဂျာမနီ)/ဆာလ်ဇ်ဘာ့ဂ်(သြစတြီးယား) - ဘေဆယ် (ဆွစ်ဇာလန်)

LASK (သြစတြီးယား) - မန်ယူ (အင်္ဂလန်) 

 

Most Read

Most Recent