၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၂၃၂ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း ၄၆ လအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၆၀၈ ဘီလျံဝန်းကျင်ရှိလာ

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၂၃၂ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း ၄၆ လအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၆၀၈ ဘီလျံဝန်းကျင်ရှိလာ
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 23 February 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၂၃၂ ဘီလျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၆၇၆ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၂၀၂၃၂၇၂၀ ဒသမ ၇၇၀ သန်း (ကျပ် ၂၀၂၃၂ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေ ဖွံ့ဖြိုရေးကဏ္ဍတွင် ကျပ် ၄၆၇၃ ဒသမ ၁၆၉ ဘီလျံ  (လုပ်ငန်း ၈၉ ခု)၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ် ၃၆၆၆ ဒသမ ၆၆၉ ဘီလျံ (လုပ် ငန်း ၉၀၇ ခု)၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ကျပ် ၃၀၁၃ ဒသမ ၈၀၁ ဘီလျံ (လုပ်ငန်း ၅၂ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ကျပ် ၂၀၉၃ ဒသမ ၂၇၃ ဘီလျံ (လုပ်ငန်း ၁၈၆ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၁၂၀ ဒသမ ၇၉၇ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၈၉၉ ဒသမ ၈၂၈ ဘီလျံ (လုပ်ငန်း ၁၂ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၈၁၅ ဒသမ ၃၂၉ ဘီလျံ (လုပ် ငန်း ၂၁ ခု)၊ မွေမြူရေးနှင့် ရေလုပ် ငန်းကဏ္ဍတွင် ကျပ် ၃၇၀ ဒသမ ၂၅၉ ဘီလျံ (လုပ်ငန်း ၉၁ ခု)၊ သတ္တု တူးဖော်ရေး ကဏ္ဍတွင် ကျပ် ၂၁၁ ဒသမ ၅၈၉ ဘီလျံ (လုပ်ငန်း ၇၁ ခု)၊ စိုက်ပျိုးရေးကဏ္ဍ၌ ကျပ် ၈၉ ဒသမ ၆၃၅ ဘီလျံ (လုပ်ငန်း ၁၈ ခု) နှင့် အ ခြားကဏ္ဍတွင် ကျပ် ၃၂၇၈ ဒသမ  ၃၆၀ ဘီလျံ (လုပ်ငန်း ၁၆၁ ခု) ရင်းနှီး မြှုပ်နှံခွင့်ပြုထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်) အထိ  မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရတက်ရောက်ပြီး သက် တမ်း ၄၆ လတာကာလအတွင်း ကျပ် ၈၆၀၈ ဘီလျံဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ ခြင်းဖြစ်သည်။ ပြည်တွင်းလုပ်ငန်း ရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍတွင် အဓိက များပြားလာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှစ၍ ယခင်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို ကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်ရှင်မှ ခွင့်ပြုမိန့် ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။

ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ အစည်းအဝေးက အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့် ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ သဘောထား၊ သက်ဆိုင်ရာ ဝန်ကြီးဌာန သဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးမှ ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့် ထုတ်ပေးကြောင်း သိရသည်။

 

Most Read

Most Recent