စည်းမျဉ်းမှာ မျှတမှုမရှိဟု လီဟာနက်စ်အသင်းအထွေထွေဒါရိုက်တာ ဝေဖန်

စည်းမျဉ်းမှာ မျှတမှုမရှိဟု လီဟာနက်စ်အသင်းအထွေထွေဒါရိုက်တာ ဝေဖန်
Photo: Barcelona
Photo: Barcelona
Published 22 February 2020

လီဟာနက်စ်အသင်း၏ အထွေထွေဒါရိုက်တာ မာတင်အော်တီဂါက ဘရေ့ဝိတ်၏အပြောင်းအရွှေ့နှင့်ပတ်သက်၍ စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် လာလီဂါ၏စည်းမျဉ်းမှာ မျှတမှုမရှိဟု ဝေဖန်ပြောကြားခဲ့သည်။ 

လီဟာနက်စ်အသင်း၏ အထွေထွေဒါရိုက်တာ မာတင်အော်တီဂါက ဘရေ့ဝိတ်၏အပြောင်းအရွှေ့နှင့်ပတ်သက်၍ စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် လာလီဂါ၏စည်းမျဉ်းမှာ မျှတမှုမရှိဟု ဝေဖန်ပြောကြားခဲ့သည်။ 

လာလီဂါပြိုင်ပွဲတွင် အသင်းတစ်သင်းအနေဖြင့် အဓိကကစားသမားများ (၅)လအထက် ဒဏ်ရာရပါက အသင်းများအနေဖြင့် ကစားသမားအရေးပေါ်ခေါ်ယူခွင့်အတွက် အသနားခံခွင့်ရှိပြီး စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် လာလီဂါအဖွဲ့ချုပ်တို့ထံမှ ခွင့်ပြုပါက အသင်းလက်မဲ့ကစားသမားများနှင့် စာချုပ်ဖျက်သိမ်းကြေးဖြင့် စာချုပ်ချုပ်ဆိုထားသည့် ကစားသမားများကို ခေါ်ယူခွင့်ရှိနေခြင်းဖြစ်သည်။ 

အော်တီဂါက အခြားအသင်းတစ်သင်းကို ထိခိုက်စေသည့် ယခုစည်းမျဉ်းမှာ တရားမျှတမှုမရှိကြောင်းနှင့် ဘာစီလိုနာအသင်းသာ အမြတ်ထွက်ခဲ့သည့် အခြေအနေဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

သို့သော် နောက်ဆုံးအချိန်အထိ အသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့သော ဘရေ့ဝိတ်ကိုမူ ကျေးဇူးတင်ကြောင်းနှင့် အနာဂတ်တွင် အကောင်းဆုံးများရရှိစေရန် ဆုမွန်ကောင်းတောင်းပေးပါကြောင်းလည်း ပြောကြားခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဒိန်းမတ်တိုက်စစ်မှူး ဘရေ့ဝိတ်သည် ယခုရာသီတွင် လီဟာနက်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၇)ပွဲတွင် (၈)ဂိုး သွင်းယူထားသည်။ 

 

Most Read

Most Recent