အောက်စဖို့ဒ်အဘိဓာန်တွင် "Yid" စကားလုံးမှာ စပါးပရိသတ်/ကစားသမားအား ရည်ညွှန်းကြောင်း ထပ်မံဖြည့်စွက်

အောက်စဖို့ဒ်အဘိဓာန်တွင် "Yid" စကားလုံးမှာ စပါးပရိသတ်/ကစားသမားအား ရည်ညွှန်းကြောင်း ထပ်မံဖြည့်စွက်
Photo: Getty Images
Photo: Getty Images
Published 14 February 2020

ကမ္ဘာကျော် အောက်စဖို့ဒ်အင်္ဂလိပ်အဘိဓာန်က "Yid" ဆိုသည့် စကားလုံးမှာ စပါးအသင်းပရိသတ် (သို့မဟုတ်) စပါးအသင်း ကစားသမားကို ရည်ညွှန်းကြောင်း ထပ်မံဖြည့်စွက်ခဲ့သဖြင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

"Yid" ဟူသော စကားလုံးမှာ ဂျူးလူမျိုးဖြစ်ပြီး စပါးအသင်းနှင့် ရင်ဆိုင်ရသည့်ပွဲစဉ်များတွင် ပြိုင်ဘက်ပရိသတ်များက စပါးကစားသမားနှင့် ပရိသတ်များအား အော်ဟစ်လှောင်ပြောင်မှုပြုလုပ်လေ့ရှိသည်။ 

စပါးအသင်းသည် လန်ဒန်အရှေ့နှင့် မြောက်ပိုင်းရှိ ဂျူးပရိသတ်များစွာ၏ အားပေးမှုရရှိထားသည့် ကလပ်အသင်းဖြစ်ပြီး ပြိုင်ဘက်များက ၎င်းတို့ကို ရည်ရွယ်ပြောဆိုလေ့ရှိသောစကားလုံးကို အောက်စဖို့ဒ်အဘိဓာန်က "တော့တင်ဟမ်ဟော့စပါးအသင်း ပရိသတ်တစ်ဦး (သို့ မဟုတ်) ကစားသမားတစ်ဦး" ဟု အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ဖြည့်စွက်ခဲ့ခြင်းအပေါ် ဝေဖန်နေခြင်းဖြစ်သည်။ 

ထို့ပြင် "Yid" ဟူသည့် စကားလုံးကိုလည်း အဘိဓာန်တွင် အသစ်ထည့်သွင်းထားကြောင်း သိရသည်။ 

စပါးအသင်း ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက "ဂျူးပဲဖြစ်ဖြစ် ဂျူးမဟုတ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ ပရိသတ်တွေအနေနဲ့ စော်ကားပြောဆိုတဲ့ ဘယ်စကားလုံးကိုမှ အသုံးပြုခြင်းမရှိပါဘူး"ဟု တုံ့ပြန်ပြောကြားသည်။

ဂျူးပရိသတ်အဖွဲ့ကလည်း အောက်စဖို့ဒ်အင်္ဂလိပ်အဘိဓာန်အနေဖြင့် "Yid" ဟူသောစကားလုံးမှာ စော်ကားပြောဆိုမှုဖြစ်ကြောင်း ရှင်းလင်းသင့်သည်ဟု ကြေညာချက် ထုတ်ပြန်သည်။

Most Read

Most Recent