လစာမရဘဲ အခက်အခဲများနှင့်ရင်ဆိုင်နေသည့် ကစားသမားများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကူညီမည်

လစာမရဘဲ အခက်အခဲများနှင့်ရင်ဆိုင်နေသည့် ကစားသမားများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကူညီမည်
Photos: Getty Images
Photos: Getty Images
Published 12 February 2020

လက်ရှိတွင် ကစားသမားများကို လစာပေးချေနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းသွားသည့်အသင်းများစွာ ရှိနေပြီး ယင်းကလပ်အသင်းများတွင် ကစားခဲ့သည့် ကစားသမားများ လစာမရသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 

 

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) မှ တာဝန်ရှိသူများသည် ကလပ်အသင်းထံမှ လစာမရဘဲ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ကစားသ မားများကို ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ကစားသမားများကို လစာပေးချေနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းသွားသည့်အသင်းများစွာ ရှိနေပြီး ယင်းကလပ်အသင်းများတွင် ကစားခဲ့သည့် ကစားသမားများ လစာမရသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 

ထို့ ကြောင့် FIFA သည် ကစားသမား သမဂ္ဂ (FIFPro)နှင့် ပူးပေါင်းကာ လစာမရသည့်ကစားသမားများကို ထောက်ပံ့ရန်အတွက် ရန်ပုံငွေဒေါ်လာ (၁၆) သန်း ထူထောင်သွားရန် သဘောတူညီခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

FIFPro ၏ ဥက္ကဋ္ဌဖြစ်သူ ဖီလစ်ပီ ပီယက်က "ပြီးခဲ့တဲ့ (၅)နှစ်အတွင်း နိုင်ငံပေါင်း (၂၀)မှာ ဖျက်သိမ်းခဲ့တဲ့ ကလပ်အသင်း (၅၀)ကျော် ရှိပါတယ်။ ဒါကြောင့် ကစားသမားရာပေါင်းများစွာဟာ အခက်အခဲတွေ၊ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရန်ပုံငွေတွေကို တကယ်လိုအပ်နေတဲ့ ဘောလုံးသမားတွေနဲ့ မိသားစုတွေကို လှူဒါန်းသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

 

 

Most Read

Most Recent