စစ်ကိုင်းမြို့ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းသို့ တရုတ်ကုန်သည်ဝင်ရောက်မှု ၂၅ ရာခိုင်နှုန်း လျော့နည်းသွားပြီး ကျောက်စိမ်းပုတီးစျေးကွက် ရာခိုင်နူန်း ၄၀ ခန့် ကျဆင်းနေကာ လက်ရှိတရုတ်ကုန်သည်များ အဝယ်ရပ်နားပါက ကျောက်စိမ်းပုတီးဝိုင်း၏ လုပ်ငန်းများ ရပ်နားရမည့် အခြေအနေဖြစ်နေ

စစ်ကိုင်းမြို့ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းသို့ တရုတ်ကုန်သည်ဝင်ရောက်မှု ၂၅ ရာခိုင်နှုန်း လျော့နည်းသွားပြီး ကျောက်စိမ်းပုတီးစျေးကွက် ရာခိုင်နူန်း ၄၀ ခန့် ကျဆင်းနေကာ လက်ရှိတရုတ်ကုန်သည်များ အဝယ်ရပ်နားပါက ကျောက်စိမ်းပုတီးဝိုင်း၏ လုပ်ငန်းများ ရပ်နားရမည့် အခြေအနေဖြစ်နေ
တရုတ်ကုန်သည် ဝင်ရောက်မှု ၂၅ ရာခိုင်နှုန်း လျော့နည်းသွားပြီး ကျောက်စိမ်းပုတီးစျေးကွက် ရာခိုင်နှုန်း ၄၀ ခန့် ကျဆင်းသွားသည့် ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို တွေ့ရစဉ်
တရုတ်ကုန်သည် ဝင်ရောက်မှု ၂၅ ရာခိုင်နှုန်း လျော့နည်းသွားပြီး ကျောက်စိမ်းပုတီးစျေးကွက် ရာခိုင်နှုန်း ၄၀ ခန့် ကျဆင်းသွားသည့် ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို တွေ့ရစဉ်
Published 10 February 2020
မင်းလတ်

စစ်ကိုင်းမြို့ ဒါးဝယ်စျေးရပ်ကွက်ရှိ  ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းတွင် တရုတ်နှစ်သစ်ကူးပြီးနောက် တရုတ်ကုန်သည် ဝင်ရောက်မှု ၂၅ ရာခိုင်နှုန်း လျော့နည်းသွားပြီး ကျောက်စိမ်းပုတီးစျေးကွက် ရာခိုင်နှုန်း ၄၀ ခန့် ကျဆင်းနေကြောင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့သည့်လမ်းကြောင်း ပိတ်ထားသဖြင့် ယခင်ကထက် စျေးထက်ဝက်ခန့်လျှော့၍ ရောင်းချနေရကာ လက်ရှိတရုတ်ကုန်သည်များ အဝယ်ရပ်နားပါက ကျောက်စိမ်းပုတီးဝိုင်း လုပ်ငန်းများ ရပ်နားရမည့် အခြေအနေ ဖြစ်နေသည်ဟု ဘော်ဂါကျောက်စိမ်းပု တီးဝိုင်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ပြောကြားသည်။

ဘော်ဂါကျောက်စိမ်း ပုတီးဝိုင်းမှာ အရည်မမီ ကျောက်စိမ်းအည့ံများနှင့် ပယ်သား အသားကျောက်များကို ကျောက်ပုတီးစေ့ပြုလုပ်၍ နေ့စဉ်နံနက် ၅ နာရီကျော်မှ ၉ နာရီ ကျော်အထိ ခင်းကျင်းရောင်းချသည့် စျေးဖြစ်သည်။ စစ်ကိုင်းမြို့ပေါ်နှင့် အနီးဝန်းကျင် ရပ်ကွက်ကျေးရွာများရှိ ကျောက်ဖြတ်ခုံများမှ ကျောက်ပုတီးစေ့ ပြုလုပ်ရောင်းချခြင်းဖြစ်သည်။ ဘော်ဂါကျောက်ပုတီးစေ့ဝိုင်းမှာ မြန်မာနိုင်ငံတွင် တစ်ခုတည်းသာ ရှိနေသည့် ကျောက်စိမ်းပုတီးစျေး ဖြစ်သည်။

“လက်ရှိ ကျောက်ဝိုင်းအခြေအနေက တရုတ်ပြည်မှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် လောလောဆယ်ဆယ် စျေးကွက် ခါတိုင်းလိုမကောင်းဘူး။ ခါးကျောက်စျေးကွက်ဆို အရမ်းအခြေအနေ ဆိုးနေပါတယ်။ အရင်တုန်းက နှစ်ရာလောက် ရောင်းရတဲ့ ပစ္စည်းက အခုဆို တစ်ရာလောက်ပဲ ရောင်းရတော့တယ်။ အောက်ကျောက်ပေါ့။ တစ်လုံးကို တစ်သိန်းတန်လောက် လေးတွေကတော့ အရောင်းအဝယ်ဖြစ်ကြတယ်။ အမြတ်အစွန်း မရှိကြဘူး။ ကိုယ်ပိုက်ဆံပြန်ရအောင်ဆိုပြီး ငွေပေါ်အနေနဲ့ ပြန်ရောင်းစားနေရတယ်။ တရုတ်လူမျိုးတွေ ကျောက်စိမ်းပုတီးဝိုင်းကို ဝင်ရောက်မှု ခါတိုင်းဝင်နေကျနှုန်းထက် ၂၅ ရာခိုင်နှုန်းလောက် နည်းသွားတယ်။ သူတို့က နှစ်ကူးမပြန်ဘဲ နေတဲ့သူတွေမို့ နောက်မို့ဆို့ ဒီထက် တရုတ်ကုန်သည် ဝင်ရောက်မှုနည်း သွားမယ်။ အရင်ကအခြေအနေနဲ့ ပြောရရင် စျေးကွက်က ၄၀ ရာခိုင်နှုန်းလောက် စျေးကွက်ကျဆင်းသွားတယ်။ အရင်က တစ်ရာ လောက်ဆို အခု ခြောက်ဆယ်လောက်ရမယ် ခန့်မှန်းခြေပေါ့။ ကျွန်တော်တို့ ပုတီးဝိုင်းက အများက သုံးပြီးသား ဖြတ်ထားပြီးသား လက်ကောက် လွှာချပ် တို့က ဘေးကိုင်ဖောက်စံတွေ ပြန်အသုံးပြုပြီး ရောင်းချကြတာဆိုတော့ ကျောက်မျက်ပြပွဲ တွေ နောက်ဆုတ်တာတွေနဲ့ သိပ်မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ စျေးကွက်မကောင်းရင်တော့ ကျွန်တော်တို့လည်းဝယ်ပြီး ဖြတ်နိုင်မှာ မဟုတ်ဘူး။ သူတို့ တရုတ်ပြည်မှာ ကျောက်စိမ်းစျေးကွက် အရောင်းအဝယ် မဖြစ်ကြရင်တော့ ကျွန်တော်တို့ ထိခိုက်မှာ သေချာသွားပြီ” ဟု ဦးအောင်စိုးမိုးက ပြောကြားသည်။

ဘော်ဂါကျောက်စိမ်းပုတီးစျေးတွင်  နံနက် ၅ နာရီမှ ၉ နာရီအထိ ရောင်းဝယ်ကြပြီး ကျောက်စိမ်းအသား ကျောက်များဖြင့် ပုတီးလုံးလေးများကို ၅၊ ၇၊ ၉၊ ၁၁၊ ၁၃၊  ၁၆၊ ၁၈ မီလီမီတာ (ကြိုးပေါက်မပါ) စသည်ဖြင့် အရွယ်အစား ခုနစ်မျိုးခန့် ပြုလုပ်ကာ တစ်လုံးလျှင် တန်ဖိုး ကျပ် ၈၀၊ ကျပ် ၈၀၀ မှစ၍ အစားစား ရောင်းချကြသည်။

ယခုရက်ပိုင်းတွင် ယခင်က ကျပ် ၂၀၀ တန် ကျောက်ပုတီးစေ့တစ်လုံး ကျပ် ၁၀၀ ဖြင့်သာ ရောင်းချနေရသဖြင့် ဒေသခံကျောက် ပုတီးစေ့ အရောင်းအဝယ် ပြုလုပ်နေသူများမှာ လုပ်အားခသာမက အရင်းပါ အရှုံးခံ၍ ငွေပေါ်အဖြစ်သာ ရောင်းချနေရကြောင်း ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းရှိ ဝယ်ရောင်းသမားများထံမှ သိရသည်။

 

Most Read

Most Recent