ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ်အားခေါ်ယူရန် မန်ယူ၊ ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့ အပြိုင်ပစ်မှတ်ထား

ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ်အားခေါ်ယူရန် မန်ယူ၊ ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့ အပြိုင်ပစ်မှတ်ထား
Photos: Getty Images
Photos: Getty Images
Published 9 February 2020

အိုင်ယာလန် ယူ-၁၇၊ ယူ-၁၈၊ ယူ-၂၁ အသင်းများတွင် သွားရောက်ကစားခဲ့ဖူးသူ အင်္ဂလန် ယူ-၂၁ ကစားသမားဟောင်း ဂရီးလစ်ရှ် (၂၄ နှစ်)သည် ဗီလာအသင်း ပရီးမီးယားလိဂ်သို့ တန်းတက် ခွင့်ရစေရန်အတွက် ပြီးခဲ့သည့် ရာသီ လိဂ်ချန်ပီယံရှစ် တွင် ခြေစွမ်းပြကစားခဲ့ပြီး ယခုရာသီပရီးမီးယားလိဂ်တွင်လည်း ခြေစွမ်းပြနေသူဖြစ်သည်။

 

ဗီလာအသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဂရီးလစ်ရှ်အား ခေါ်ယူရန် ဥရောပအသင်းကြီးများဖြစ်သည့် မန်ယူ၊ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့ကအပြိုင်ပစ်မှတ်ထားနေ ကြကြောင်း သိရှိရသည်။

ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်သည် လာမည့်နွေရာသီတွင် သူ၏ကစားသမားဘဝ အစပြုရာ ဗီလာအသင်းကို လမ်းခွဲတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းအသင်းများက ၎င်းကို စောင့် ကြည့်နေခြင်းဖြစ်သည်။

ဂရီးလစ်ရှ် သည် ဗီလာအသင်းတွင် လူငယ်ကစားသမားတစ်ဦးအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၁၂ -၁၃ ရာသီတွင် ဗီလာအသင်းကြီး၌  စတင်ပါဝင်ခွင့်ရရှိခဲ့သည်။ အိုင်ယာလန် ယူ-၁၇၊ ယူ-၁၈၊ ယူ-၂၁ အသင်းများတွင် သွားရောက်ကစားခဲ့ဖူးသူ အင်္ဂလန် ယူ-၂၁ ကစားသမားဟောင်း ဂရီးလစ်ရှ် (၂၄ နှစ်)သည် ဗီလာအသင်း ပရီးမီးယားလိဂ်သို့ တန်းတက် ခွင့်ရစေရန်အတွက် ပြီးခဲ့သည့် ရာသီ လိဂ်ချန်ပီယံရှစ်တွင် ခြေစွမ်းပြကစားခဲ့ပြီး ယခုရာသီပရီးမီးယားလိဂ်တွင်လည်း ခြေစွမ်းပြနေသူဖြစ်သည်။

၎င်းအား ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများကတည်းက အသင်းကြီးများက ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ဂရီးလစ်ရှ်သည် ဗီလာအသင်းကို မစွန့်ခွာဘဲ အသင်းတွင် ဆက်ရှိနေခြင်းဖြစ်သည်။ ဂရီးလစ်ရှ်သည် ယခုရာသီ ပရီးမီးယားလိဂ်တွင်  ဗီလာအသင်းအတွက် (၇)ဂိုးသွင်းယူကာ (၅)ဂိုးဖန်တီးပေးထားသည်။

သူ၏ ဗီလာအသင်းမှာမူ ယခုရာသီတွင် တန်းပြန်မဆင်းရရန်အတွက် ရုန်းကန်ရမည်ဖြစ်ပြီး လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ တန်းဆင်းဇုန် အထက် အဆင့်(၁၇)နေရာတွင် ရမှတ်(၂၅)မှတ်ဖြင့် ရပ်တည်လျက်ရှိနေသည်။

 

Most Read

Most Recent