တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၌ ဖက်ဒါရာနှင့် နဒါးလ် ယှဉ်ပြိုင်ကစားသည့် တင်းနစ်သရုပ်ပြပွဲ ပရိသတ်ကြည့်ရှုမှုအများဆုံးအဖြစ် စံချိန်တင်

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၌ ဖက်ဒါရာနှင့် နဒါးလ် ယှဉ်ပြိုင်ကစားသည့် တင်းနစ်သရုပ်ပြပွဲ ပရိသတ်ကြည့်ရှုမှုအများဆုံးအဖြစ် စံချိန်တင်
Photos: AFP
Photos: AFP
Published 9 February 2020

ယင်းပွဲကို ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပသည့် ဘောလုံးကွင်း၌ ကျင်းပခဲ့ပြီး ဖက်ဒါရာတည်ထောင်ထားသည့် " ရော်ဂျာဖက်ဒါရာဖောင်ဒေးရှင်း" ရန်ပုံငွေပွဲအဖြစ် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ ပွဲစီစဉ်သူများ ၏ ထုတ်ပြန်ချက်အရ ပရိသတ် ၅၁၉၅၄ ဦး လာရောက်ကြည့်ရှုခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာတွင် ဖက်ဒါရာနှင့် ဇီဗာရက်ဗ်တို့ပွဲကို ကြည့်ရှုခဲ့သည့် ၄၂၅၁၇ ဦးစံချိန်ကိုကျော်၍ ပရိသတ်အများဆုံးပွဲအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

 

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၌ ၀ါရင့်ဆွစ်ဇာလန်ကစားသမား ဖက်ဒါရာနှင့် စပိန်ကစားသမား ရာဖေးလ်နဒါးလ်တို့ ယှဉ်ပြိုင်ကစားသည့် သရုပ်ပြတင်းနစ်ပွဲမှာ ပရိသတ်ကြည့်ရှုမှု အများဆုံးပွဲအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ယင်းပွဲကို ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပသည့် ဘောလုံးကွင်း၌ ကျင်းပခဲ့ပြီး ဖက်ဒါရာတည်ထောင်ထားသည့် " ရော်ဂျာဖက်ဒါရာဖောင်ဒေးရှင်း" ရန်ပုံငွေပွဲအဖြစ် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ ပွဲစီစဉ်သူများ၏ ထုတ်ပြန်ချက်အရ ပရိသတ် ၅၁၉၅၄ ဦး လာရောက်ကြည့်ရှုခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာတွင် ဖက်ဒါရာနှင့် ဇီဗာရက်ဗ်တို့ပွဲကို ကြည့်ရှုခဲ့သည့် ၄၂၅၁၇ ဦးစံချိန်ကိုကျော်၍ ပရိသတ်အများဆုံးပွဲအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

သရုပ်ပြပွဲတွင် ကမ္ဘာ့အဆင့် ၃ ကစားသမား ဖက်ဒါရာက အဆင့် ၂ ကစားသမား နဒါးလ်ကို ၆-၄၊ ၃-၆၊ ၆-၃ ဖြင့် အနိုင်ရခဲ့ပြီး ယင်းပွဲမတိုင်မီ ယှဉ်ပြိုင်ကစားသည့် နှစ်ယောက်တွဲပြိုင်ပွဲတွင်လည်း ဖက်ဒါရာနှင့် အမေရိကန်ဘီလျံနာ ဘီလ်ဂိတ်အတွဲက နဒါးလ်နှင့် တောင်အာဖရိက ဟာသသရုပ်ဆောင် ထရီဗာနိုအာအတွဲကို အနိုင်ရခဲ့သည်။

ဖက်ဒါရာဖောင်ဒေးရှင်းအနေဖြင့် ခြောက်ကြိမ်မြောက် ရန်ပုံငွေပွဲကျင်းပခြင်း ဖြစ်ပြီး ၎င်းမိခင်၏ မွေးရပ်မြေဖြစ်သည့် တောင်အာဖရိကတွင်မူ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကာ ရန်ပုံငွေ ဒေါ်လာ ၃ ဒသမ ၅ သန်းရရှိခဲ့သည်။ ဖက်ဒါရာဖောင်ဒေးရှင်းသည် အာဖရိကရှိ ကလေးငယ်များ၏ ပညာရေးနှင့် အားကစားအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းပွဲနှင့်ပတ်သက်၍ " တင်းနစ်ပွဲတစ်ပွဲကို ပရိသတ် ၅၁၉၅၄ ဦး လာကြည့်မယ်လို့ တစ်ခါမှမတွေးမိဖူးပါဘူး" ဟု ဖက်ဒါရာက ပြောကြားခဲ့သည်။

Most Read

Most Recent