မန်ယူအသင်းနှင့် အပြီးသတ်စာချုပ်နိုင်ခဲ့ပြီဖြစ်သည့် ဘရူနိုဖာနန်ဒက်စ်အား ပြိုင်ဘက်ပရီးမီးယားလိဂ်အသင်းများမှ အသင်းဖော်များက ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
မန်ယူအသင်းနှင့် အပြီးသတ်စာချုပ်နိုင်ခဲ့ပြီဖြစ်သည့် ဘရူနိုဖာနန်ဒက်စ်အား ပြိုင်ဘက်ပရီးမီးယားလိဂ်အသင်းများမှ အသင်းဖော်များက ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းတွင် ကစားနေသည့် ပေါ်တူဂီအသင်းဖော် ဘာနာဒိုဆေးလ်ဗားက ဖာနန်ဒက်ဇ်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည်ကို သဘောကျကြောင်း ပြောကြားခဲ့သည်။
ဘာနာဒိုဆေးလ်ဗားက "သူ့အတွက် ကျွန်တော်အရမ်းပျော်ရွှင်ပါတယ်။ ကျွန်တော်နဲ့ ပြိုင်ဘက်ဖြစ်လာ မှာဖြစ်ပေမယ့် ကျွန်တော်တို့်အသင်းနဲ့ ကစားတဲ့ပွဲကလွဲရင် သူအကောင်းဆုံးပုံစံပြသနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်" ဟု ပြောကြားခဲ့သည်။
ဆမ်ဒိုးရီးယားအသင်းတွင် တွဲဖက်ကစားခဲ့ဖူးသည့် အာဆင်နယ်ကွင်းလယ်လူ လူးကပ်စ်တော်ရဲရားကလည်း "ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြံ့ခိုင်မှု အားပြုရတဲ့ လိဂ်မှာ သူ အမြန်ဆုံးအထိုင်ကျပါစေလို့ ကျွန် တော်ဆုတောင်းပေးပါတယ်"ဟု ပြောကြားခဲ့သည်။