လက်စတာအား ထပ်ဆောင်းအချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရပြီးနောက် ဗီလာပရိသတ်များ ကွင်းအတွင်းသို့ ဝင်ရောက်၍ အောင်ပွဲခံ

လက်စတာအား ထပ်ဆောင်းအချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရပြီးနောက် ဗီလာပရိသတ်များ ကွင်းအတွင်းသို့ ဝင်ရောက်၍ အောင်ပွဲခံ
Photos: AFP
Photos: AFP
Published 29 January 2020

ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် လက်စတာကွင်း၌ (၁-၁)ဂိုးဖြင့် သရေကျထားရာ ဗီလာအသင်းသည် နှစ်ကျော့ပေါင်း(၃-၂) ဂိုးရလဒ်ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ဆုဖလားအောင် မြင်မှုများနှင့် ဝေးကွာနေသော ဗီလာအသင်း၏ ပရိသတ်များသည် အလွန်ပျော်မြူးစွာဖြင့် အောင်ပွဲခံခဲ့ကြခြင်းဖြစ်သည်။

 

 

မနေ့က ကစားခဲ့သော လိဂ်ဖလားဆီမီးဖိုင်နယ် (ဒု- ကျော့) ပွဲစဉ် ဗီလာ- လက်စတာပွဲ အပြီး၌ ဗီလာပရိသတ်များသည် ကွင်းအတွင်းသို့ စုပြုံဝင်ရောက်ကာ အောင်ပွဲခံခဲ့ကြကြောင်း သိရှိရသည်။

ဗီလာအသင်း၏ ဗီလာပတ်ခ် ကွင်း၌ ကစားခဲ့သော ယင်းပွဲသို့ ပရိသတ် (၃၉၃၀၀) လာရောက်အားပေး ကြည့်ရှုခဲ့သည်။ ယင်းပွဲတွင် ပွဲချိန် (၉၀+၃)မိနစ်၌ ဗီလာအသင်းက အနိုင်ဂိုးသွင်းယူခဲ့ပြီး (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် လက်စတာကွင်း၌ (၁-၁)ဂိုးဖြင့် သရေကျထားရာ ဗီလာအသင်းသည် နှစ်ကျော့ပေါင်း(၃-၂) ဂိုးရလဒ်ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ဆုဖလားအောင် မြင်မှုများနှင့် ဝေးကွာနေသော ဗီလာအသင်း၏ ပရိသတ်များသည် အလွန်ပျော်မြူးစွာဖြင့် အောင်ပွဲခံခဲ့ကြခြင်းဖြစ်သည်။

မကြာသေးမီကမန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အင်္ဂလန်တွင် ပြည်တွင်းပွဲစဉ်များ များပြားလွန်း၍ လိဂ်ဖလားပြိုင်ပွဲကို ဖျက်သိမ်းသင့်ကြောင်း အဆိုပြုခဲ့ရာ ဗြိတိန်မီဒီယာများကဂွါဒီယိုလာ၏ပြောစကားကို ဗီလာပရိသတ်များ ကွင်းအတွင်း အောင်ပွဲခံပုံနှင့် နှိုင်းယှဉ်ဖော်ပြခဲ့သည်။

ပရိသတ်များ ယင်းကဲ့သို့ ကွင်းအတွင်းဝင်ရောက်လာခြင်းအတွက် ဗီလာအသင်းမှာ ပြန်လည်ဖြေရှင်းရဖွယ်ရှိနေကြောင်း သိရှိရသည်။ ဗီလာအသင်းသည် လိဂ်ဖလားတွင် (၅)ကြိမ်ဗိုလ်စွဲဖူးပြီး ၁၉၉၆ခုနှစ်ကနောက်ဆုံး ချန်ပီယံဆု ရယူခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent