ကွန်တီအတွက် ကစားပေးမည်ဟု ၂၀၁၅ ခုနှစ်က ကတိပေးခဲ့ဖူးကြောင်း လူကာကူဖွင့်ဟ

ကွန်တီအတွက် ကစားပေးမည်ဟု ၂၀၁၅ ခုနှစ်က ကတိပေးခဲ့ဖူးကြောင်း လူကာကူဖွင့်ဟ
Photos: Getty Images
Photos: Getty Images
Published 29 January 2020

၂၀၁၅ ခုနှစ်က ဘယ်လ်ဂျီယံနှင့် အီတလီအသင်းတို့ ခြေစမ်းပွဲကစားခဲ့ကြပြီး ထိုစဉ်က အီတလီအသင်းကို ကိုင်တွယ်နေသည့် ကွန်တီကို လူကာကူက ယင်းကဲ့သို့ ကတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

အင်တာမီလန်တိုက်စစ်မှူး လူကာကူက မိမိအနေဖြင့် အသင်းနည်းပြ ကွန်တီ၏လက်အောက်တွင် ကစားပေးမည်ဟု ၂၀၁၅ ခုနှစ်က ကွန်တီကို က တိပေးခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်က ဘယ်လ်ဂျီယံနှင့် အီတလီအသင်းတို့ ခြေစမ်းပွဲကစားခဲ့ကြပြီး ထိုစဉ်က အီတလီအသင်းကို ကိုင်တွယ်နေသည့် ကွန်တီကို လူကာကူက ယင်းကဲ့သို့ ကတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူကာကူက "ကျွန်တော်နဲ့ ကွန်တီရဲ့ ရေစက်က ၂၀၁၅ ခုနှစ်မှာ ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ အီတလီတို့ရဲ့ ခြေစမ်းပွဲက စပါတယ်။ အဲဒီတုန်းက အီတလီအသင်းဟာ ၃-၅-၂ ပုံစံနဲ့ ကစားပြီး အီတလီတိုက်စစ်မှူး(၂)ဦးဟာ အခွင့်အရေးတွေအများကြီး ရခဲ့ပါတယ်။ အဲဒီကတည်းက ကွန်တီရဲ့ ကစားကွက်ကို ကျွန်တော် နားလည်ခဲ့တာပါ။ ဒါကြောင့် အနာဂတ်မှာ ခင်ဗျားကိုင်တွယ်တဲ့အသင်းကို ကျွန်တော် ပြောင်းလာခဲ့မယ်ဆိုပြီး သူ့ကို ကတိပေးခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

 

 

Most Read

Most Recent