ရလဒ်များဆိုးရွားနေသော်လည်း ဆီမြွန်နီကို ရာထူးမှထုတ်ပယ်မည်မဟုတ်ကြောင်း စီရီဇို ပြောကြား

ရလဒ်များဆိုးရွားနေသော်လည်း ဆီမြွန်နီကို ရာထူးမှထုတ်ပယ်မည်မဟုတ်ကြောင်း စီရီဇို ပြောကြား
Photos: Getty Images
Photos: Getty Images
Published 29 January 2020

အက်သလက်တီကိုမက်ဒရစ်အသင်းဥက္ကဋ္ဌ စီရီဇိုက ရလဒ်များဆိုးရွားနေသော်လည်း အသင်းနည်းပြ ဆီမြွန်နီကို ရာထူးမှထုတ်ပယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

 

အက်သလက်တီကိုမက်ဒရစ်အသင်းဥက္ကဋ္ဌ စီရီဇိုက ရလဒ်များဆိုးရွားနေသော်လည်း အသင်းနည်းပြ ဆီမြွန်နီကို ရာထူးမှထုတ်ပယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသလို၊ စပိန်ဘုရင့်ဖလား ရှုံးထွက် (၃၂)သင်းအဆင့်တွင် စပိန်တတိယတန်းကလပ် လီယွန်နီဆာအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ 

ထို့ပြင် အက်သလက်တီကိုအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင်လည်း ပွဲစဉ် (၂၁)အပြီး၌ ရမှတ် (၃၆)မှတ်ဖြင့် အဆင့် (၅)နေရာတွင် ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ရီးယဲလ်မက်ဒရစ်အသင်း(၄၆ မှတ်)နှင့် (၁၀) မှတ်အထိ ကွာဟနေသည်။ 

သို့သော် စီရီဇိုက အသင်းဘုတ်အဖွဲ့အနေဖြင့် ဆီမြွန်နီအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်းနှင့် ၎င်းကို ရာထူးမှထုတ်ပယ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ဆီမြွန်နီအပေါ် ဝေဖန်နေကြတာတွေက မျှတမှုမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဆီမြွန်နီဟာ ကျွန်တော်တို့အသင်းကို ဆုဖလားတွေ အများဆုံး ရယူပေးခဲ့တဲ့ နည်းပြပါ။ ပြီးတော့ သူက အက်သလက်တီကိုအသင်းကို (၈)ရာသီကျော် ကိုင်တွယ်နေတဲ့ နည်းပြဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆီမြွန်နီအပေါ် လုံးဝသံသယ မရှိပါဘူး။ အသင်းကို ဆီမြွန်နီ ကိုင်တွယ်နေတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ ရလဒ်ဆိုးတွေကတော့ ဆီမြွန်နီမှ မဟုတ်ပါဘူး။ လူတိုင်း ကြုံတွေ့ရတာပါပဲ"ဟု စီရီဇိုက ပြောကြားခဲ့သည်။ 

ဆီမြွန်နီကလည်း မိမိအနေဖြင့် အက်သလက်တီကိုအသင်း ရလဒ်ကောင်းများ ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားနေကြောင်းနှင့် အသင်းကစားသမားအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။