အင်တာမီလန်နှင့်အတူ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် အသင့်ရှိသည်ဟု အဲရစ်ဆင် ပြောကြား

အင်တာမီလန်နှင့်အတူ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် အသင့်ရှိသည်ဟု အဲရစ်ဆင် ပြောကြား
Photos: Inter Twitter & EPA
Photos: Inter Twitter & EPA
Published 28 January 2020

အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင်က မိမိအနေဖြင့် အသင်းသစ်နှင့်အတူ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် အသင့်ရှိသည်ဟု ပြောကြားခဲ့သည်။ 

 

အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင်က မိမိအနေဖြင့် အသင်းသစ်နှင့်အတူ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် အသင့်ရှိသည်ဟု ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်သည် စပါးအသင်းမှ အင်တာမီလန်အသင်းသို့ ယူရိုသန်း (၂၀)ဖြင့် ပြောင်းရွှေ့ခဲ့ပြီး အင်တာမီလန်တွင် တစ်နှစ်လစာ ယူရို (၈)သန်း ရရှိဖွယ်ရှိသည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ယခုအချိန်မှာ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရမည့်အချိန်ဖြစ်ကြောင်း အဲရစ်ဆင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဲရစ်ဆင်က "ကျွန်တော်က အချက်အလက်တွေကို သိပ်ပြီးအလေးထားတဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေက အချက်အလက်တွေကြည့်ပြီး စကားပြောတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ အချက်အလက်တွေကို ကြည့်လိုက်မယ်ဆိုရင် အင်္ဂလန်မှာ ကျွန်တော် ခြေစွမ်းပြနိုင်ခဲ့တယ်ဆိုတာကို တွေ့ရမှာပါ။ အခုအချိန်က ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရမယ့် အချိန်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ စီးရီးအေရဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းမှာ ကစားခွင့်ရတော့မှာဖြစ်ပြီး အရမ်းပျော်ပါတယ်။ အင်တာမီလန်နဲ့အတူ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ ကျွန်တော် အသင့်ဖြစ်နေပါပြီ"ဟု ပြောကြားခဲ့သည်။ 

အဲရစ်ဆင်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို နယ်သာလန်ကလပ် အေဂျက်စ်အသင်းတွင် စတင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စပါးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။  ၎င်းသည် စပါးအသင်းတွင် (၆)ရာသီခွဲ ကစားခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၀၅)ပွဲတွင် (၆၉)ဂိုး သွင်းယူခဲ့သည်။ 

အဲရစ်ဆင်သည် အင်တာမီလန်အသင်းတွင် ကျောနံပါတ် (၂၄)ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်ပြီး အသင်းနှင့်အတူ ပွဲထွက်ကစားရန် မစောင့်နိုင်တော့ကြောင်းလည်း ပြောကြားခဲ့သည်။

 

Most Read

Most Recent