မန်စီးတီးအသင်းမှာ မိမိ၏ကစားသမားဘဝ တိုးတက်ရန် အကောင်းဆုံးနေရာဖြစ်သည်ဟု ဂျေးဇူး ဆို

မန်စီးတီးအသင်းမှာ မိမိ၏ကစားသမားဘဝ တိုးတက်ရန် အကောင်းဆုံးနေရာဖြစ်သည်ဟု ဂျေးဇူး ဆို
Photo: Getty Images
Photo: Getty Images
Published 28 January 2020

ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးက မန်စီးတီးအသင်းမှာ မိမိ၏ကစားသမားဘဝ တိုးတက်ရန် အကောင်းဆုံးနေရာဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

 

ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးက မန်စီးတီးအသင်းမှာ မိမိ၏ကစားသမားဘဝ တိုးတက်ရန် အကောင်းဆုံးနေရာဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဂျေးဇူးသည် မန်စီးတီးအသင်းတွင် အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး အဂွဲရိုးကို မကျော်နိုင်ဘဲ ဒုတိယဦးစားပေးတိုက်စစ်မှူးအဖြစ်သာ ကစားခွင့်ရနေသူ ဖြစ်သည်။ 

ဂျေးဇူးက ပုံမှန်ပွဲထွက်ခွင့်မရသည့် စိတ်ပျက်မိသော်လည်း မန်စီးတီးအသင်းကို ကူညီနိုင်ရန် အမြဲတမ်းကြိုးစားနေကြောင်း ဆိုခဲ့သည်။

ဂျေးဇူးက "မန်စီးတီးအသင်းဟာ ကျွန်တော့်အတွက် အကောင်းဆုံးနေရာဖြစ်တယ်လို့ ယုံကြည်တာကြောင့် ဒီအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ မန်စီးတီးအသင်းက ကျွန်တော့်ရဲ့ ကစားသမားဘဝကို တိုးတက်အောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် မန်စီးတီးအသင်းမှာ တစ်ခါတလေ ပျော်သလို၊ တစ်ခါတလေ မပျော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ပွဲစဉ်တိုင်းကို ပါဝင်ကစားချင်လို့ပါ။ ကျွန်တော့်အနေနဲ့ ကစားသမားဘဝတိုးတက်ဖို့အတွက် အမြဲတမ်းကြိုးပမ်းနေပြီး အသင်းနဲ့ အသင်းဖော်တွေလည်း ကူညီချင်ပါတယ်"ဟု ဆိုခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ဂျေးဇူးသည် ၂၀၁၇ ခုနှစ်တွင် ဘရာဇီးလ်ကလပ် ပါမီးရပ်စ်အသင်းမှာ ပေါင် (၂၇)သန်းဖြင့် မန်စီးတီးအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၁၃၀)တွင် (၆၁)ဂိုး သွင်းယူပေးထားသည်။ 

ဂျေးဇူးသည် ယခုရာသီတွင်လည်း မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၃၁) ပွဲတွင် (၁၆)ဂိုးအထိ သွင်းယူပေးထားသည်။ 

 

Most Read

Most Recent