ကိုပါအီတာလီယာ ကွာတားဖိုင်နယ်နှင့် စပိန်ဘုရင့်ဖလား ရှုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

ကိုပါအီတာလီယာ ကွာတားဖိုင်နယ်နှင့် စပိန်ဘုရင့်ဖလား ရှုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
Photos : EPA, Bilbao Facebook
Photos : EPA, Bilbao Facebook
Published 28 January 2020

အေစီမီလန် - တိုရီနို(မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၉ ရက် နံနက် ၂း၁၅ နာရီ)

အေစီမီလန်အသင်းက နိုင်ပွဲတွေပြန်ဆက်လာပြီး အ တော်လေးတည်ငြိမ်မှုရှိလာတယ်။ နောက်ဆုံးကစားခဲ့တဲ့(၄)ပွဲ မှာ (၃)ပွဲအထိ Clean Sheet ရခဲ့လို့ ခံစစ်ပိုင်းကလည်း စိတ်ချ လို့ရတဲ့ အနေအထားပါ။ ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က မျှော်လင့်ထားသလောက် ခြေစွမ်းမပြသေးပေမယ့် ရယ်ဘစ်က တော့ မထင်မှတ်ထားချိန်မှာ အသင်းကို ကယ်တင်ပေးနေတာ တွေ့ရတယ်။ တိုရီနိုအနေနဲ့ နောက်ဆုံးပွဲမှာ အတ္တလန်တာကို အရှက်တကွဲရှုံးနိမ့်ခဲ့ရမှုကို သိက္ခာဆယ်ဖို့ရှိပေမယ့် မီလန်မြေ မှာ မလွယ်လောက်ဘူး။ အေစီမီလန်ပဲ နိုင်လိမ့်မယ်။

တယ်နာရိုက်ဖ် - ဘီလ်ဘာအို(မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၉ ရက် နံနက် ၂း၃၀ နာရီ)

ဗယ်လာဒိုလစ်ကို ဖြုတ်ချခဲ့တဲ့ တယ်နာရိုက်ဖ်ရဲ့ခြေစွမ်း ကို လျှော့တွက်လို့ မရပါဘူး။ အိမ်ကွင်းမှာ နိုင်ပွဲဆက်နေတဲ့အ သင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဘီလ်ဘာအိုကလည်း တည် ငြိမ်နေတာကြောင့် ဘီလ်ဘာအို ပေးဂိုးမဲ့ အနိုင်ရဖို့များပါတယ်။

Most Read

Most Recent