၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန် အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၁၂၂ ဘီလျံကျော်ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း ၄၅ လအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၄၉၈ ဘီလျံဝန်းကျင်ရှိလာ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန် အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၁၂၂ ဘီလျံကျော်ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း ၄၅ လအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၄၉၈ ဘီလျံဝန်းကျင်ရှိလာ
ကုန်ထုတ်စက်ရုံများလည်ပတ်နေသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများလည်ပတ်နေသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 21 January 2020
စည်သူအောင်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၁၂၂ ဘီလျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက် လုပ်ရေးလုပ်ငန်းကဏ္ဍတို့တွင် အများဆုံးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၆၆၃ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၂၀၁၂၂၈၉၇ ဒသမ ၈၂၃ သန်း (ကျပ် ၂၀၁၂၂ ဘီလျံကျော်) ရှိ ခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုရေး ကဏ္ဍတွင် ကျပ် ၄၆၆၉ ဒသမ ၀၄၉ ဘီလျံ (လုပ်ငန်း ၈၈ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၃၆၄၄ ဒသမ ၆၇၉ ဘီလျံ (လုပ်ငန်း ၉၀၃ ခု)၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ကျပ် ၃၀၁၃ ဒသမ ၈၀၁ ဘီလျံ (လုပ်ငန်း ၅၂ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၂၀၃၁ ဒသမ ၀၈၄ ဘီလျံ (လုပ်ငန်း ၁၈၁ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၁၂၀ ဒသမ ၇၉၇ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ ဖြစ် သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၈၉၉ ဒသမ ၈၂၈ ဘီလျံ (လုပ်ငန်း ၁၂ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၈၁၅ ဒသမ ၃၂၉ ဘီလျံ (လုပ်ငန်း ၂၁ ခု)၊ မွေမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၇၀ ဒသမ ၂၅၉ ဘီလျံ (လုပ်ငန်း ၉၁ ခု)၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ကျပ် ၂၁၁ ဒသမ ၅၈၉ ဘီလျံ (လုပ် ငန်း ၇၁ ခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၈၉ ဒသမ ၆၃၅ ဘီလျံ (လုပ်ငန်း ၁၈ ခု) နှင့် အ ခြားကဏ္ဍတွင် ကျပ် ၃၂၅၆ ဒသမ  ၈၄၂ ဘီ လျံ (လုပ်ငန်း ၁၅၈ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြု ထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်)အထိ  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရတက်ရောက်ပြီး သက်တမ်း ၄၅ လတာ ကာလအတွင်း ကျပ် ၈၄၉၈ ဘီလျံ ဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်း နှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် အဓိကများပြားလာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစတင်၍ ယခင်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှု ကဏ္ဍကို ကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ရောက်ရှိ လာခဲ့သည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့် ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြရခြင်းဖြစ်သည်။

ပြည့်စုံသောအဆိုပြုလွှာများကို အဆိုပြုလွှာစိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့အစည်းအဝေးမှအတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာတင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့်ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က  သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့သဘောထား၊ သက်ဆိုင်ရာဝန်ကြီးဌာနသဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါကမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အစည်းအဝေးသို့ အဆိုပြုချက် ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးမှခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံ သူထံ ခွင့်ပြုမိန့်ထုတ်ပေးကြောင်း သိရသည်။