၂၀၂၀ AFC CUP ပြိုင်ပွဲ အာဆီယံဇုန်ခြေစစ်ပွဲကို နှစ်ကျော့ကျင်းပမည်ဖြစ်ပြီး ပထမအကျော့ပွဲများ ဇန်နဝါရီ ၂၂ ရက် ကျင်းပမည်

၂၀၂၀ AFC CUP ပြိုင်ပွဲ အာဆီယံဇုန်ခြေစစ်ပွဲကို နှစ်ကျော့ကျင်းပမည်ဖြစ်ပြီး ပထမအကျော့ပွဲများ ဇန်နဝါရီ ၂၂ ရက် ကျင်းပမည်
Photos: Yangon United  and Shan United Facebook
Photos: Yangon United and Shan United Facebook
Published 19 January 2020

AFC သည် AFC CUP ပြိုင်ပွဲ ခြေစစ်ပွဲများကို ဇုန်အလိုက်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် အာဆီယံဇုန်တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆီယံဇုန် ခြေစစ် ပွဲတွင် အသင်းခြောက်သင်း ပါဝင်မည်ဖြစ်ပြီး အနိုင်ရသည့်သုံးသင်း ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့် အုပ်စုပွဲစဉ်များကို တက်aရာက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ၂၀၂၀ AFC CUP ပြိုင်ပွဲ အာဆီယံဇုန် ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

AFC သည် AFC CUP ပြိုင်ပွဲ ခြေစစ်ပွဲများကို ဇုန်အလိုက်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် အာဆီယံဇုန်တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆီယံဇုန် ခြေစစ် ပွဲတွင် အသင်းခြောက်သင်း ပါဝင်မည်ဖြစ်ပြီး အနိုင်ရသည့်သုံးသင်း ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့် အုပ်စုပွဲစဉ်များကို တက်aရာက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ခြေစစ်ပွဲများကို အိမ်ကွင်း၊ အဝေး ကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည် ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် အဝေးကွင်းပွဲ စတင်ကစားရမည်ဖြစ်သည်။ ပထမအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၂၂ ရက်၊ ဒုတိယ အကျော့ပွဲစဉ်များကို ဇန်နဝါရီ ၂၉ ရက် ကျင်းပမည်ဖြစ်ပြီး အာဆီယံဇုန်တွင် ရန်ကုန်ယူနိုက်တက် (မြန်မာ) နှင့် အင်ဒရာ (ဘရူနိုင်း)၊ လာလီနော့ယူနိုက်တက် (တီမော) နှင့် မာကာဆာ (အင်ဒိုနီးရှား)၊ ဆာဗေ (ကမ္ဘောဒီးယား) နှင့် မာစတာ-7 (လာအို) အသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 မြန်မာကလပ်အသင်းများအနက် ရှုံးထွက်ချန်ပီယံအသင်း သည် ၂၀၁၇ ခုနှစ်မှစ၍ ခြေစစ်ပွဲ စတင်ကစားရသော်လည်း ပြိုင်ဘက် အသင်းများ နုတ်ထွက်သွားသောကြောင့် ယခုနှစ်မှသာ ပထမဆုံး ခြေစစ်ပွဲ ကစားရခြင်းဖြစ်သည်။ ဒုတိယအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပမည် ဖြစ်ပြီး မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် အိမ်ကွင်းပွဲအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကို အသုံးပြုမည်ဖြစ်သည်။ ယင်းခြေစစ် ပွဲတွင် အဝေးဂိုးစည်းမျဉ်း အသုံးပြုမည်ဖြစ်သောကြောင့် ရန်ကုန်အသင်း အနေဖြင့် ခြေစစ်ပွဲအောင်မြင်လိုပါက အဝေးကွင်း၌ ရလဒ်ကောင်းရယူ နိုင်ရန်လိုအပ်နေသည်။

ရန်ကုန် အသင်းသည် ခြေစစ်ပွဲအောင်မြင်ပါက အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီ ယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာ အို) တို့နှင့် ကျရောက်မည်ဖြစ်သည်။ ရန်ကုန်အသင်းသည် မြန်မာကလပ် အသင်းများအနက် AFC CUP ပြိုင် ပွဲအများဆုံး ယှဉ်ပြိုင်ခွင့်ရထားသည့် အသင်းဖြစ်ပြီး ယခုနှစ်တွင် ခြေစစ် ပွဲ အောင်မြင်ခဲ့ပါက ခုနစ်ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။

၂၀၂၀ AFC CUP ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး MNL အမှတ်ပေး ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် အကြိုခြေစစ်ပွဲအဆင့်မှ ထွက်ခဲ့ရ သောကြောင့် AFC CUP ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (H) တွင် တမ်ပနိစ်ရို ဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ ခြေစစ်ပွဲအောင်အသင်းတို့နှင့် ကျ ရောက်နေသည်။ တီမောနှင့် အင်ဒို နီးရှားကလပ်တို့ ယှဉ်ပြိုင်မည့် ခြေ စစ်ပွဲမှ အနိုင်ရသည့်အသင်းမှာ ရှမ်း ယူနိုက်တက်ပါဝင်သော အုပ်စု (H) သို့ ကျရောက်မည်ဖြစ်သည်။

 

 

Most Read

Most Recent