အီတလီစီးရီးအေပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
Photos : liveonscore, eurosport
Photos : liveonscore, eurosport
Published 18 January 2020

လာဇီယို - ဆမ်ဒိုးရီးယား (စနေည ၈း၃၀ နာရီ)

ချန်ပီယံဆုကို စိန်ခေါ်  နိုင်တဲ့အထိ လာဇီယို ပေါက်မြောက် နေတယ်။ အရင်ကထက်ပိုပြီးစနစ်ကျတဲ့ကစားဟန်ကို မြင် နေရပြီး နောက်ဆုံး (၃)ပွဲဆက် One Goal Margin တွေနဲ့သာ အနိုင်ယူထားတာက နိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေမှာ အမှားမလုပ် တော့ဘူးဆိုတာ သက်သေပြနေတယ်။ ဆမ်ဒိုးရီးယားက နောက် ဆုံးပွဲမှာ ဂိုးပြတ်အောင်ပွဲရထားပြီး ကစားပုံတိုးတက်လာလို့ လာဇီယို နှစ်ဂိုးပြတ်နိုင်ဦးမယ်မထင်ဘူး။ နှစ်သင်းပေါင်းဂိုးများမယ်။

ဆာဆူအိုလို - တိုရီနို (စနေည ၁၁း၃၀ နာရီ)

အူဒီးနီးစ်ကို အရှက်တကွဲအရေးနိမ့်ခဲ့တာကို ဆာဆူအိုလို အိမ်ကွင်းမှာ ပြန်အဖတ်ဆယ်ရမယ်။ ဒါပေမဲ့ တိုရီနိုက ဥရောပ ပြိုင်ပွဲဝင်ခွင့် မျှော်လင့်နေသလို၊ အဝေးကွင်း(၄)ပွဲဆက် ရလဒ် ကောင်းထားလို့ ဒီပွဲမှာလည်း အမှတ်ရရှိပါဦးမယ်။ နှစ်သင်းပေါင်း သွင်းဂိုးများနိုင်ပြီး ဆာဆူအိုလို တစ်မှတ်ထက် ပိုမရဘူး။

နာပိုလီ - ဖီအိုရင်တီးနား (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဂတ်တူဆိုရဲ့ နာပိုလီပြုပြင်ပြောင်းလဲရေးလမ်းစဉ် မပီပြင်သေးပါဘူး။ ရလဒ်ဆိုးတွေ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပြီး လူမစုံတဲ့တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရတယ်။ ဖီ အိုရင်တီးနားကလည်း နောက်ဆုံးပွဲမှာ နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်ခဲ့ပေမယ့် လိုအပ် ချက်တွေရှိနေသေးတယ်။ အိမ်ကွင်း (၃)ပွဲဆက် ရှုံးပွဲတွေ့ထားပြီး အနည်းဆုံး(၂)ဂိုးပေးထား ရတဲ့နာကျင်စရာကို နာပိုလီ ရပ်တန့်ချင်နေပါလိမ့်မယ်။ နာပိုလီ နိုင်ပွဲပြန်ရပါလိမ့်မယ်။ 

Most Read

Most Recent