စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ပတ်အတွင်း အမြင့်ဆုံးနှုန်း ၁၄၉၃ ကျပ်၊ အနိမ့်ဆုံးနှုန်း ၁၄၇၈ ကျပ် ဝန်းကျင် ဖြစ်ပေါ်

စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ပတ်အတွင်း အမြင့်ဆုံးနှုန်း ၁၄၉၃ ကျပ်၊ အနိမ့်ဆုံးနှုန်း ၁၄၇၈ ကျပ် ဝန်းကျင် ဖြစ်ပေါ်
Published 5 January 2020

စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၄ ရက်အတွင်း အမြင့်ဆုံးနှုန်း ၁၄၉၃ ကျပ်၊ အနိမ့်ဆုံးနှုန်း ကျပ် ၁၄၇၈ ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ယခုတစ်ပတ် ဒီဇင်ဘာ၂၈ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၉၃ ကျပ်ဝန်းကျင်ရှိရာမှ ဇန်နဝါရီ ၃ ရက်တွင် တစ်ဒေါ်လာ ၁၄၇၈ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ၁၅၁၀-၁၅၇၇ ကျပ်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၅၁၄-၁၅၄၀ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၅၀၃-၁၅၂၉ ကျပ်၊ မတ်တွင် ၁၅၀၈ -၁၅၂၇ ကျပ်၊ ဧပြီတွင် ၁၅၀၄-၁၅၂၅ ကျပ်၊ မေတွင် ၁၅၁၆-၁၅၃၈ ကျပ်၊ ဇွန်တွင် ၁၅၁၇-၁၅၂၉ ကျပ်၊ ဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊ သြဂုတ်တွင် ၁၅၁၀-၁၅၂၆ ကျပ်၊ စက်တင်ဘာတွင် ၁၅၂၇-၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်၊ ဒီဇင်ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ်တို့ ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၄၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၉၃ ကျပ်၊ မလေးရှား ရင်းဂစ် ၃၅၆ ကျပ်၊ ထိုင်းဘတ် ၄၈ ဒသမ ၉ ကျပ်၊ တရုတ် ယွမ်၂၀၉ ကျပ်ဖြစ်သည်။

 

Most Read

Most Recent