ထရီနီဒက်လက်ရွေးစင်တိုက်စစ်မှူး ဝင်ချက်စတာ ယာဉ်တိုက်မှုကြောင့် သေဆုံး

ထရီနီဒက်လက်ရွေးစင်တိုက်စစ်မှူး ဝင်ချက်စတာ ယာဉ်တိုက်မှုကြောင့် သေဆုံး
Photo: Getty Images
Photo: Getty Images
Published 20 December 2019

ထရီနီဒက်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ရှာဒွန်ဝင်ချက်စတာသည် ကြာသပတေးနေ့ နံနက်ပိုင်းက ယာဉ် တိုက်မှုဖြစ်ပွားပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

ထရီနီဒက်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ရှာဒွန်ဝင်ချက်စတာသည် ကြာသပတေးနေ့ နံနက်ပိုင်းက ယာဉ် တိုက်မှုဖြစ်ပွားပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

ဝင်ချက်စတာသည် ထရီနီဒက်အသင်းအတွက် (၂၃)ပွဲကစားကာ (၆) ဂိုးသွင်းယူပေးထားသူဖြစ်ပြီး သေဆုံးချိန်တွင် အသက် (၂၇)နှစ်သာရှိသေးသည်။ 

ဝင်ချက်စတာသည် ၎င်း၏ ချစ်သူမိန်း ကလေးအပါအဝင် အခြားမိတ်ဆွေနှစ်ဦးနှင့်အတူ ခရီးထွက်လာစဉ် ၎င်းတို့ စီးနင်းလာသည့် မော်တော်ကားမှာ တယ်လီဖုန်းတိုင်ကို ဝင်တိုက်မိခဲ့ပြီး မီးလောင်ကျွမ်းကာ (၄)ဦးစလုံး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

အခင်းဖြစ်ပွားချိန်မှာ နံနက်(၅း၃၀)နာရီ ဝန်းကျင်တွင်ဖြစ်ပြီး မီးသတ်သမားများမှာ (၉းဝဝ)နာရီဝန်းကျင်မှ ရောက်လာခဲ့သည်ဟုလည်း သိရသည်။ ဝင်ချက်စတာ၏ သေဆုံးမှုကို ထရီနီဒက်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပြီးနောက် ဖီဖာကလည်း ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့သည်။ 

ဝင်ချက်စတာတွင် (၃)နှစ်အရွယ် သမီးလေးတစ်ဦး ရှိနေကြောင်းလည်း သိရသည်။

 

Most Read

Most Recent