ဇာဟာအား ခေါ်ယူမည့်အသင်း ချယ်လ်ဆီး ဖြစ်လာဖွယ်ရှိ

ဇာဟာအား ခေါ်ယူမည့်အသင်း ချယ်လ်ဆီး ဖြစ်လာဖွယ်ရှိ
Photos: Getty Images,The Sun
Photos: Getty Images,The Sun
Published 18 December 2019

ဇာဟာအား ခေါ်ယူရန် မူလက အာဆင်နယ်၊ အဲဗာတန်အစရှိသောအသင်းများက ကြိုးပမ်းခဲ့ကြသော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်း၏ ကြေးသတ်မှတ်မှုမှာ များပြားလွန်း၍ ယင်းအသင်းများအနေဖြင့် ၎င်းကို ခေါ် ယူရန်ကြိုးပမ်းမှုအား နောက်ဆုတ်ခဲ့ကြသည်။

 

ခရစ္စတယ်ပဲလေ့စ်အသင်းသည် ၎င်းင်တို့ ၏ တောင်ပံကစားသမား ဇာဟာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၈၀)အထိ သတ်မှတ်ထားရာ ၎င်းအား ခေါ်ယူမည့်အသင်း မှာ ချယ်လ်ဆီးအသင်းဖြစ်လာဖွယ်ရှိနေ ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ဇာဟာအား ခေါ်ယူရန် မူလက အာဆင်နယ်၊ အဲဗာတန်အစရှိသောအသင်းများက ကြိုးပမ်းခဲ့ကြသော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်း၏ ကြေးသတ်မှတ်မှုမှာ များပြားလွန်း၍ ယင်းအသင်းများအနေဖြင့် ၎င်းကို ခေါ် ယူရန်ကြိုးပမ်းမှုအား နောက်ဆုတ်ခဲ့ကြသည်။

ချယ်လ်ဆီးအသင်းမှာမူ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူခွင့် ပြန်လည်ရရှိခဲ့ပြီဖြစ်ရာ အသင်းသို့ ကစားသမားသစ်များ ခေါ်ယူရန် ပြင်ဆင်နေပြီး ဇာဟာကို ပစ်မှတ်ထားနေကြောင်း သိရသည်။

ပဲလေ့စ်အသင်းသည် ဇာဟာအား ရောင်းချရသည့်ကြေးမှ မန်ယူအသင်းသို့ (၂၅)ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

 

 

Most Read

Most Recent