အာတီတာ၏ အာဆင်နယ်နည်းပြဖြစ်ခွင့်ကိုမတားဆီးလိုဘဲ မကြာခင်အပြီးသတ်နိုင်ဟု ဂွါဒီယိုလာ သုံးသပ်ပြောကြား

အာတီတာ၏ အာဆင်နယ်နည်းပြဖြစ်ခွင့်ကိုမတားဆီးလိုဘဲ မကြာခင်အပြီးသတ်နိုင်ဟု ဂွါဒီယိုလာ သုံးသပ်ပြောကြား
Photos: Getty Images
Photos: Getty Images
Published 18 December 2019

အာတီတာသည် ဒီဇင်ဘာ ၁၇ ရက်က မန်စီးတီးအသင်း၏ လေ့ကျင့်မှုအစီအစဉ်တွင် ပါဝင်ခဲ့ပြီး ယခုတစ်ပတ် အဲဗာတန်- အာဆင်နယ်ပွဲမတိုင်မီ ၎င်းအား အာဆင်နယ်အသင်းက နည်းပြသစ်အဖြစ် အပြီးသတ် ခန့်အပ်ဖွယ်ရှိကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လက်ထောက်နည်းပြ အာတီတာ၏ အာဆင်နယ်အသင်းနည်းပြဖြစ်ခွင့်အိပ်မက်ကို မတားဆီးလိုဘဲ မကြာခင်မှာပင် ဆုံးဖြတ်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အာဆင်နယ်အသင်း စီမံခန့်ခွဲမှုဒါရိုက်တာ ဗန်ကာတက်ရှမ်နှင့် စာချုပ်ကိစ္စများ ဆွေးနွေးညှိနှိုင်းသူ ဟော့စ်မာဖီသည် ဒီဇင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားသည့် အာဆင်နယ်-မန်စီးတီးပွဲစဉ်အပြီး နာရီပိုင်း အကြာတွင် မန်ချက်စတာမြို့ရှိ အာတီတာ၏ နေအိမ်သို့ သွားရောက်ဆွေးနွေးခဲ့ကြောင်း ဗြိတိန်သတင်းဌာနများက ဓာတ်ပုံနှင့်တကွ ဖော်ပြပြီးနောက် ၎င်း၏အနာဂတ်သတင်းများ လှုပ်ခတ်နေခြင်းဖြစ်သည်။ ၎င်းင်းတို့နှစ်ဦး သည် ဒီဇင်ဘာ ၁၆ ရက် နံနက် ၁ နာရီ ၂၀ မိနစ်တွင် အာတီတာ၏နေအိမ်မှ ပြန်လည် ထွက်ခွာသွားပြီး ဒီဇင်ဘာ ၁၇ ရက်တွင်လည်း ဆက်လက်ဆွေးနွေးခဲ့ကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားမှုကိုကိုးကား၍ ESPN သတင်းဌာနက ဖော်ပြခဲ့သည်။

အာတီတာသည် ဒီဇင်ဘာ ၁၇ ရက်က မန်စီးတီးအသင်း၏ လေ့ကျင့်မှုအစီအစဉ်တွင် ပါဝင်ခဲ့ပြီး ယခုတစ်ပတ် အဲဗာတန်- အာဆင်နယ်ပွဲမတိုင်မီ ၎င်းအား အာဆင်နယ်အသင်းက နည်းပြသစ်အဖြစ် အပြီးသတ် ခန့်အပ်ဖွယ်ရှိကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။ ယင်းသတင်းများနှင့်ပတ်သက်၍ လိဂ်ဖလားပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက "ဒါက ကောင်းသောငြင်းခုံခြင်းပါပဲ။ ဘာကြောင့်ခွင့်မပြုနိုင်ရမှာလဲ။ ဒီမေးခွန်းက ကျွန်တော်ဖြေဖို့ အဆင်မပြေပါဘူး။ မီခေးလ် (အာတီတာ) ကိုပဲ မေးရမှာပါ။ ကျွန်တော်က သူ့ဦးနှောက်ထဲကိုဝင်ကြည့်လို့မရပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နည်းနည်းတော့ဆွေးနွေးဖြစ်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာရှိတဲ့ခံစားချက်က အရေး ကြီးပါတယ်။ တကယ်လို့ သူသာ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့အတွက်၊ သူ့မိသားစုအတွက်၊ သူ့ရဲ့ ပရော်ဖက်ရှင်နယ်အနာဂတ်အတွက် အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်းပေးမှာပါ။ သူနဲ့ပြန်တွေ့ရင်တော့ အနိုင်ယူရမှာပေါ့။ ဒါက နောက်တာပါ" ဟု ပြောကြားခဲ့သည်။

ထို့ပြင် အာတီတာ၏ ဆုံးဖြတ်ခွင့်နှင့် ပတ်သက်၍ ဂွါဒီယိုလာက "သူက ကျွန်တော်နဲ့ပတ်သက်ရင် ရိုးသားပါတယ်။ ဘာတွေဖြစ်တယ်ဆိုတာကိုလည်း အားလုံးရှင်းပြပါတယ်။ ဒါပေမဲ့ သူဘာလုပ်ချင်လဲဆိုတာတော့ ကျွန် တော်မမေးပါဘူး။ ဒီဆုံးဖြတ်ချက်ထဲမှာ ကျွန်တော်ဝင်မပါချင်ဘူး။ ကျွန်တော်က လူတွေအားလုံးကို လွတ်လပ်စွာနေထိုင်ခွင့်ပြုထားတဲ့ သူတစ်ယောက်ပါ။ ကစားသမားတွေကိုလည်း ကျွန်တော် အကြိမ်ကြိမ်ပြောဖူးပါတယ်။ သူ တို့အနေနဲ့ တခြားလုပ်ချင်တဲ့ဆန္ဒရှိရင် ဘာမဆိုလုပ်နိုင်တယ်ဆိုတာပါပဲ။ သူတို့သာ ဆန္ဒမရှိဘူးဆိုရင် ကျွန်တော်တို့ကလည်း နေပါ၊ နေပါဆိုပြီး မပြောပါဘူး" ဟု ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent