ပေါ့ဘာကို ဘေးလ်နှင့်လဲလျှင် မှားမည်ဟု ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌဟောင်းဖြစ်သူ ကယ်လ်ဒါရွန်ဆို

ပေါ့ဘာကို ဘေးလ်နှင့်လဲလျှင် မှားမည်ဟု ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌဟောင်းဖြစ်သူ ကယ်လ်ဒါရွန်ဆို
Photos: Getty Images,YouTube
Photos: Getty Images,YouTube
Published 18 December 2019

အသက် (၂၆)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာမှာ ရီးယဲလ်နည်းပြ ဇီဒန်း သဘောကျနှစ်သက်သည့် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူရန် ကြိုးစားခဲ့ဖူးကြောင်း သိရသည်။

 

ရီးယဲလ်မက်ဒရစ်အသင်း၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ကယ်လ်ဒါရွန်က မန်ယူကွင်းလယ်လူ ပေါ့ဘာကို ဂါရတ်ဘေးလ်နှင့် လဲလျှင် မှားယွင်းမည်ဟု ရီးယဲလ်အသင်းကို သတိပေးပြောကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာမှာ ရီးယဲလ်နည်းပြ ဇီဒန်း သဘောကျနှစ်သက်သည့် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူရန် ကြိုးစားခဲ့ဖူးကြောင်း သိရသည်။

စပိန်မီဒီယာများ၏ဖော်ပြမှုအရ ရီးယဲလ်အသင်းသည် ပေါ့ဘာကို ခေါ်ယူမည့်အစီအစဉ်အား လက်မလျှော့သေးဘဲ ဘေးလ်ကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

သို့သော် ကယ်လ်ဒါရွန်က "ရီးယဲလ်အသင်းက ပေါ့ဘာကို ဘေးလ် (သို့) ဟာမီးစ်ရိုဒရီဂွက်ဇ်နဲ့ လဲမယ်ဆိုတဲ့သတင်းတွေ ကျွန်တော် ဖတ်ရတယ်။ ဒါက မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် ဘေးလ်ကိုလက်လွှတ် လိုက်မယ် ဆိုရင် ရီးယဲလ်အသင်း မှားယွင်းပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

 

 

Most Read

Most Recent