ဂျူဗင်တပ်စ်အသင်းတွင် ကစားသမားဘဝမှ အနားယူသည်အထိ စီရော်နယ်လ်ဒို ကစားနိုင်သည်ဟု ဂျော့ချ်မန်ဒက်စ် ပြောကြား

ဂျူဗင်တပ်စ်အသင်းတွင် ကစားသမားဘဝမှ အနားယူသည်အထိ စီရော်နယ်လ်ဒို ကစားနိုင်သည်ဟု ဂျော့ချ်မန်ဒက်စ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 18 December 2019

စီရော်နယ်လ်ဒို၏ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်က စီရော်နယ်လ်ဒိုအနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင် ကစားသမားဘဝမှအနားယူသည်အထိ ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒို၏ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်က စီရော်နယ်လ်ဒိုအနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင် ကစားသမားဘဝမှအနားယူသည်အထိ ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၄)နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ၂၀၁၈ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်မှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။ 

ဂျူဗင်တပ်စ်အသင်းနှင့် စီရော်နယ်လ်ဒို၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းအချိန်တွင် စီရော်နယ်လ်ဒို၏ အသက် (၃၇) နှစ် ရှိနေမည်ဖြစ်သည်။ 

ဂျော့ချ်မန်ဒက်စ်က စီရော်နယ်လ်ဒိုသည် တူရင်မြို့တွင် ပျော်ရွှင်နေပြီး ဂျူဗင်တပ်စ်အသင်းကို စွန့်ခွာသွားရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။ 

ဂျော့ချ်မန်ဒက်စ်က "ဂျူဗင်တပ်စ်အသင်းမှာ နည်းပြကောင်းတစ်ဦး ရှိပြီး စီရော်နယ်လ်ဒိုအနေနဲ့လည်း အသင်းမှာ ပျော်ရွှင်နေပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ရှိနေသေးပြီး အဲဒီမှာ ကစားသမားဘဝက အနားယူချိန်အထိ ကစားနိုင်ပါတယ်"ဟု Sky Sports နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲတွင် (၁၁)ဂိုး သွင်းပေးထားသည်။ 

 

Most Read

Most Recent