အက်စတွန်ဗီလာ - လက်စတာ (တနင်္ဂနွေည ၈:၃၀ နာရီ)
လက်စတာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသည်းအသန်ရုန်းကန်နေတဲ့အသင်းပါ။ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ ကောင်းတယ်။ တစ်သင်းလုံးမှာ ဘယ်သူပဲ ကစားကစားခြေစွမ်းပြနေတယ်။ စိတ်ဓာတ်ပြင်းပြီး ကစားအားလည်းကောင်းတယ်။ ဗီလာရဲ့ခြေစွမ်းကလည်း ချီးကျူးစရာကောင်းတယ်။ လက်စတာကို ဒုက္ခပေးနိုင်တယ်။ အဆုံးသတ် ပုံသပ်ရပ်တဲ့ လက်စတာတိုက်စစ်ကိုတော့ သူတို့သတိပြုရမယ်။ သရေယူနိုင်စွမ်းရှိပါတယ်။
နယူးကာဆယ် - ဆောက်သမ်တန် (တနင်္ဂနွေည ၈:၃၀ နာရီ)
နယူးကာဆယ်ရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းက သိသိသာသာတိုးတက်လာတယ်။ အထူးသဖြင့် စိတ်ဓာတ်ပိုင်းက မထင်မှတ်လောက်အောင် ကောင်းနေပြီး စုစည်းမှုရှိတဲ့အသင်းမျိုးဖြစ်နေတယ်။ ဆောက်သမ်တန်က ကစားပုံပိုကောင်းတယ်။ အသင်းကြီးတွေကိုလည်း ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့တယ်။ အကြိတ်အနယ်ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ သရေကျဖို့များပြီး ဆောက်သမ်တန်မထင်မှတ်တာတွေလည်း လုပ်ပြနိုင်ပါတယ်။
နောဝစ်ချ် - ရှက်ဖီးယူနိုက်တက် (တနင်္ဂနွေည ၈:၃၀ နာရီ)
ရလဒ်တွေဆက်တိုက်ကျဆင်းခဲ့ပြီးနောက် နောဝစ်ချ် Rhythm ပြန်မိတဲ့အချိန်ကို ရောက်လာတယ်။ ရှက်ဖီးယူနိုက်တက်က လက်ရှိပရီးမီယားလိဂ်ရာသီမှာ ပိုကောင်းတဲ့ ပုံစံကိုပြသနေပေမယ့် လိဂ်ချန်ပီယံရှစ်အသင်းဟောင်း အချင်းချင်းတွေ့ဆုံတဲ့ပွဲမှာ ရှက်ဖီးရဲ့လက်ရှိပြသနေတဲ့ ခြေစွမ်းကို နောဝစ်ချ်စိုးရိမ်နေမယ်မထင်ဘူး။ အိမ်ကွင်းလည်းဖြစ်နေလို့ နောဝစ်ချ်ကို ကြိုက်တယ်။
ဘရိုက်တန် - ဝုလ်ဗ် (တနင်္ဂနွေည ၁၁:၀၀ နာရီ)
ဝုလ်ဗ်ရဲ့ကစားပုံက တည်ငြိမ်ပြီး ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီတယ်။ ဘရိုက်တန်က နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းကျဆင်းလာတာတွေ့ရတယ်။ ခြေစွမ်းပိုင်းအရလည်း ဝုလ်ဗ်ကို ယှဉ်နိုင်ဖို့ ခက်တယ်။ အိမ်ကွင်းဖြစ်နေလို့ အားသာချက်ရှိပေမယ့် ဝုလ်ဗ်ကို အနိုင်ကစားဖို့တော့ မလွယ်လောက်ဘူး။ သရေကျဖို့များတယ်။ နိုင်မယ့်အသင်းကိုရွေးရရင်တော့ ဝုလ်ဗ်ပဲ ဖြစ်မယ်။
အူန်ယွန်းဘာလင် - ကိုလုံး (တနင်္ဂနွေည ၉:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်း ရှုံးပွဲပြန်တွေ့ခဲ့ပေမယ့် ကိုလုံးထက်တော့ ခြေစွမ်းပိုင်းသာပါတယ်။ အူန်ယွန်းဘာလင် နိုင်ပွဲ ပြန်ယူဖို့များတယ်။
၀ါဒါဘရီမင် - ပါဒါဘွန်း (တနင်္ဂနွေည ၁၁:၃၀ နာရီ)
ဇယားအောက်ဆုံးရောက်နေတဲ့ ပါဒါဘွန်းတို့ နောက်ပိုင်းပွဲတွေမှာ အားထည့်ကစားလာပေမယ့် ဝါဒါဘရီမင် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။