ကမ္ဘောဒီးယားအသင်းကို အနိမ့်ဆုံးသရေကစားနိုင်ရုံဖြင့် မြန်မာအသင်း ဆီမီးဖိုင်နယ်သို့ အစောဆုံးတက်ရောက်ခွင့်ရရှိမည်

ကမ္ဘောဒီးယားအသင်းကို အနိမ့်ဆုံးသရေကစားနိုင်ရုံဖြင့် မြန်မာအသင်း ဆီမီးဖိုင်နယ်သို့ အစောဆုံးတက်ရောက်ခွင့်ရရှိမည်
Photos: EMG
Photos: EMG
Published 1 December 2019

မြန်မာအသင်းသည် တီမောအသင်းကို (၃-၁) ဂိုးရလဒ်ဖြင့်သာ အနိုင်ရခဲ့ သောကြောင့် နောက်ဆုံးပွဲတွင် မဖြစ်မနေ အနိုင်ကစားရမည့်အနေအထား ရှိခဲ့သော်လည်း မြန်မာပွဲအပြီးကစားသည့်ပွဲတွင် မလေးရှားအသင်း အရေးနိမ့်ခဲ့သောကြောင့် မြန်မာအသင်းအနေဖြင့် နောက်ဆုံးပွဲတွင် သရေကစားနိုင်ရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

 

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) စတုတ္ထနေ့ကို ဒီဇင်ဘာ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အုပ်စုစတုတ္ထနေ့အဖြစ် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ တွင် ဘီနန်ကွင်း၌ မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်း၊ ရီဇယ်လ်အမှတ်တရကွင်း၌ မလေးရှားအသင်း နှင့် တီမောအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ် သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များကို ဆက်တိုက်ကစားနေရပြီး နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။နိုဝင်ဘာ ၂၉ ရက်ပွဲစဉ်များအပြီးတွင်  အုပ်စု (က) ၌ မြန်မာအသင်းက ခုနစ်မှတ်ဖြင့် ဦးဆောင်နေပြီး ကမ္ဘောဒီးယားအသင်းက နှစ်ပွဲကစား လေးမှတ်၊ ဖိလစ်ပိုင်အသင်းက သုံးပွဲကစား လေးမှတ်၊ မလေးရှားအသင်း က နှစ်ပွဲကစား တစ်မှတ်ရထားပြီး တီမောအသင်းမှာမူ နှစ်ပွဲစလုံး ရှုံးကာ အမှတ်မရသေးပေ။

မြန်မာအသင်းသည် တီမောအသင်းကို (၃-၁) ဂိုးရလဒ်ဖြင့်သာ အနိုင်ရခဲ့ သောကြောင့် နောက်ဆုံးပွဲတွင် မဖြစ်မနေ အနိုင်ကစားရမည့်အနေအထား ရှိခဲ့သော်လည်း မြန်မာပွဲအပြီးကစားသည့်ပွဲတွင် မလေးရှားအသင်း အရေးနိမ့်ခဲ့သောကြောင့် မြန်မာအသင်းအနေဖြင့် နောက်ဆုံးပွဲတွင် သရေကစားနိုင်ရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။မြန်မာအသင်းသည် ကမ္ဘောဒီးယား အသင်းကို အနိုင်ကစားနိုင်ပါက အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး သရေသာကစားနိုင်ပါက ဆီမီးတက်ရောက်မည်ဖြစ်သော်လည်း ကမ္ဘောဒီးယား အသင်း၏ နောက်ဆုံးပွဲရလဒ်ကို စောင့်ကြည့်ပြီးမှ အုပ်စုပထမနေရာ အဖြေထွက်ပေါ်မည်ဖြစ်သည်။

မြန်မာအသင်းသည် လက်ရှိ နည်းပြ ပိုပေါ့ဗ်လက်ထက်တွင် ကမ္ဘောဒီးယား ယူ-၂၂ အသင်းနှင့် ဖေဖော်ဝါရီက ကျင်းပသည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ တွင် တွေ့ဆုံခဲ့ဖူးပြီး (၀-၂) ဂိုးဖြင့် အရေးနိမ့်ခဲ့သောကြောင့် မြန်မာ အသင်းအနေဖြင့် ရှုံးကြေးြွပန်ဆပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

 

Most Read

Most Recent