စပိန်လာလီဂါပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်
Published 30 November 2019

အလာဗတ်စ် - ရီးယဲလ်မက်ဒရစ် (စနေညနေ ၆း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ တိုက်စစ်၊ ခံစစ် ဟန်ချက်မျှ လာမှုနဲ့အတူ အရှိန်ရလာနေသလို တွေ့ရတယ်။ ကွင်းလယ် မှာ မိုဒရစ် ပြန်ကစားလာနိုင်တဲ့နောက် ဖန်တီးမှုပိုင်း ပိုကောင်း လာနေပြီး ဘန်ဇီမာအတွက်လည်း ဂိုးရဖို့အခွင့်အရေးတွေ  ပို ရလာနေတယ်။ အထူးသဖြင့် ခံစစ်ပိုင်းတိုးတက်လာမှုက ရီး ယဲလ်အတွက် အားတက်စရာလို ဖြစ်လာနေတယ်။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် အလာဗတ်စ်ကလည်း အိမ်ကွင်းမာကျော တဲ့အသင်းဖြစ်လို့ ရီးယဲလ်အတွက် လွယ်ကူတဲ့ပွဲတစ်ပွဲဖြစ်လာ ဖို့တော့မရှိနိုင်ဘူး။ အလာဗတ်စ်ဟာ အိမ်ကွင်းမှာ တစ်ပွဲသာ ရှုံးထားသေးတဲ့အပြင် ပြီးခဲ့တဲ့ရာသီကလည်း အိမ်ကွင်းမှာ ရီး ယဲလ်ကို အနိုင်ကစားထားနိုင်သေးတယ်။ အိမ်ကွင်းမှာ ခံစစ် ကစားအားပိုကောင်းတတ်ပြီး မာကျောကျစ်လျစ်လို့ ရီးယဲလ် တိုက်စစ် ဒီပွဲမှာ ဂိုးရဖို့ အတော်လေးအားထုတ်ရမယ်ထင် တယ်။ ဒါ့အပြင် ဂိုးသွင်းခြေတွေ့နေတဲ့ အလာဗတ်စ်တိုက်စစ် ကလည်း ရီးယဲလ်အတွက် သတိထားရမယ့်တိုက်စစ်မျိုးပါပဲ။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲ ရွေးထားကြည့်ချင်တယ်။

ဆိုစီဒက် - အီဘာ (စနေည ၉း၃၀ နာရီ)

နှစ်သင်းစလုံး ရှုံးပွဲတွေဆက်နေကြပေမယ့် အီဘာက ပို ဆိုးသလိုပါပဲ။ နောက်ဆုံး (၃)ပွဲစလုံးရှုံးထားပြီး ပေးဂိုးကလည်း (၁၀)ဂိုးတောင်ရှိနေလို့ အဝေးကွင်းမှာ ဆိုစီဒက်ကို မနည်းထိန်း ကစားရဦးမှာပါပဲ။ ဒါပေမဲ့ ဆိုစီဒက်ကလည်း အခုနောက်ပိုင်း တိုက်စစ်က ဂိုးရနှုန်းလျော့လာတာတွေ့ရလို့ အီဘာသာ ခံစစ် ကို ဂရုတစိုက်ပြင်ဆင်ကစားလာနိုင်ခဲ့ရင် ဆိုစီဒက်လည်း ဂိုးရဖို့ ရုန်းရနိုင်တာမျိုးတော့ရှိနေတယ်။ နောက်ပြီး အစဉ်အလာအရ လည်း ဆိုစီဒက်ဟာ အီဘာကို ခက်ခက်ခဲခဲ ရင်ဆိုင်ရလေ့ရှိနေ တယ်။ အီဘာကို ပိုသဘောကျမိတယ်။ ဂိုးနည်းနိုင်တယ်။

မာယော့ကာ - ဘက်တစ် (စနေည ၁၂းဝ၀ နာရီ)

မာယော့ကာ အိမ်ကွင်းကစားပုံ မာကျောပေမယ့် ဘက် တစ်ကလည်း အဝေးကွင်းနောက်ဆုံးပွဲမှာ ရီးယဲလ်မက်ဒရစ်ကို ဂိုးမရှိသရေ ခံကစားပြထားလို့ လျှော့မတွက်သင့်ဘူး။ နောက်ဆုံး ကစားခဲ့တဲ့ ဗလင်စီယာနဲ့ပွဲကိုလည်း အနိုင်ရထားလို့ ဘက်တစ် ခြေပြန်မှန်လာတယ်လို့ပြောရမယ်။ သရေပွဲလို့ပဲ မှန်းချင်တယ်။

ဗလင်စီယာ - ဗီလာရီးယဲလ် (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

ဗလင်စီယာမှာ ဒဏ်ရာပြဿနာတွေ များနေတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း ဘက်တစ်ကို အရှုံးပေးခဲ့ရ တယ်။ ဗီလာရီးယဲလ်ကလည်း မထူးပါဘူး။ အခုနောက်ပိုင်း ခြေ စွမ်းပြန်ပျောက်သွားပြီး (၄)ပွဲဆက် နိုင်ပွဲမရှိခဲ့ဘူး။ အထူးသဖြင့် ခံစစ်ပိုင်း ပြန်လျော့ရဲလာနေပြီး ဂိုးတွေ လွယ်လွယ်ပေးနေရ တယ်။ ဒါပေမဲ့ အခုပွဲက ဗလင်စီယာဒေသခံအသင်း (၂)သင်းရဲ့ ပွဲဖြစ်နေလို့ နှစ်သင်းစလုံး ပိုအားထည့်ကစားကြမယ့်ပွဲမျိုးပါပဲ။ ဗလင်စီယာအတွက်တော့ ဒီပွဲမကစားမီ ချယ်လ်ဆီးနဲ့ ချန်ပီယံ လိဂ်အရေးကြီးပွဲစဉ်ကစားခဲ့ရလို့ ပွဲပန်းမှုဒဏ်ကို ခံနေရနိုင်ပေ မယ့်လည်း အိမ်ရှင်အဖြစ် ကစားခွင့်ရထားတာနဲ့ ပြန်ဖာထေးခွင့် တော့ ရထားတယ်။ ဗီလာရီးယဲလ်ကတော့ အဝေးကွင်းကစားပုံ ပုံမှန်မရှိတဲ့အပြင် ဗလင်စီယာနဲ့ နောက်ဆုံးရင်ဆိုင်ထားခဲ့တဲ့ (၃)ကြိမ်စလုံးမှာလည်း အရှုံးပေးထားခဲ့ရလို့ လက်ရှိခြေစွမ်းနဲ့ လည်း ဗလင်စီယာကို ကျော်ဖြတ်နိုင်ဖို့ မလွယ်လှသေးဘူးထင် ပါတယ်။ ဗလင်စီယာပဲ ကြိုက်တယ်။ ဂိုးများမယ်။