■ ယနေ့ညကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ညကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 29 November 2019

ဆယ်လ်တာဗီဂို - ဗယ်လာဒိုးလစ် (စနေနံနက် ၂:၃ဝနာရီ)

နောက်ဆုံးကစားခဲ့တဲ့ ဗီလာရီးယဲလ်နဲ့ အဝေးကွင်းပွဲမှာ အက်စ်ပတ်စ်ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရထားတဲ့ ဆယ်လ်တာဗီဂို ပြန်လာတော့မှာလား စိတ်ဝင်စားစရာပါပဲ။ ဗယ်လာဒိုလစ်က လည်း အဝေးကွင်းနောက်ဆုံးပွဲမှာ အလာဗတ်စ်ကို ဂိုးပြတ်ရှုံး ထားတဲ့အပြင် တိုက်စစ်ကလည်း ဂိုးရအောင်မကစားနိုင်ပုံနဲ့ တော့ အိမ်ကွင်းမှာ အမှတ်ပြန်ရှာမယ့် ဆယ်လ်တာဗီဂိုကိုတောင့် ခံဖို့ခက်ပါလိမ့်မယ်။ ဆယ်လ်တာနဲ့ ဂိုးအနည်းပဲရွေးချင်တယ်။

ရှော်လ်ကေး - အူန်ယွန်းဘာလင် (စနေနံနက် ၂:ဝဝနာရီ)

အူန်ယွန်းဘာလင်က နိုင်ပွဲတွေဆက်ပြီး ခြေစွမ်းပြနေ တယ်။ ရှော်လ်ကေးကတော့ အိမ်ကွင်း(၃)ပွဲဆက် သရေကျထားလို့ အခုပွဲမှာ နိုင်ပွဲပြန်ရှာမယ်ထင်တယ်။

 

Most Read

Most Recent