PSG နဲ့ ဂျူဗင်တပ်စ်တို့ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး နောက်တစ်ဆင့်တက်ခဲ့တဲ့ စပါး

PSG နဲ့ ဂျူဗင်တပ်စ်တို့ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး နောက်တစ်ဆင့်တက်ခဲ့တဲ့ စပါး
Photos: EPA, AP, UEFA Champions League & Getty Images
Photos: EPA, AP, UEFA Champions League & Getty Images
Published 27 November 2019

ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် (၅) ပထမနေ့ ပွဲစဉ်တွေအပြီးမှာတော့ PSG၊ ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်၊ စပါး၊ မန်စီးတီး၊ ဂျူဗင်တပ်စ်စတဲ့ အသင်းတွေဟာ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ 

ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် (၅) ပထမနေ့ ပွဲစဉ်တွေအပြီးမှာတော့ PSG၊ ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်၊ စပါး၊ မန်စီးတီး၊ ဂျူဗင်တပ်စ်စတဲ့ အသင်းတွေဟာ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ 

ရီးယဲလ်နဲ့ PSG ပွဲမှာတော့ ရီးယဲလ်အသင်းဟာ PSG အသင်းကို (၂)ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ကျဂိုးတွေ ခွင့်ပြုခဲ့ရပြီး (၂-၂)ဂိုးနဲ့ သရေကျခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ပထမအကျော့က ရှုံးကြွေးဆပ်ဖို့ အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး PSG အသင်းကို ဖိကစားနိုင်ခဲ့ပါတယ်။

ရီးယဲလ်အတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၇)မိနစ်မှာ ဘန်ဇီမာက သွင်းယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ရီးယဲလ်က အခွင့်အရေးပိုရခဲ့တာပါ။ ပထမပိုင်းပြီးခါနီးမှာ အီကာဒီကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ကော်တိုအာကို အနီကတ်ပြထုတ်ပယ်ခဲ့ပြီး VAR ကို ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့လို့ ရီးယဲလ်တို့ ကံကောင်းခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာလည်း ရီးယဲလ်အသင်းကပဲ ဖိကစားခဲ့ပြီး ပွဲချိန် (၇၉)မိနစ်မှာ မာဆယ်လိုရဲ့ ပေးပို့မှုကို ဘန်ဇီမာက ခေါင်းတိုက်ပြီး ဒုတိယဂိုးရယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ရီးယဲလ်ရဲ့ ဦးဆောင်ဂိုး (၂)ဂိုးဟာ (၄)မိနစ်အတွင်းမှာ ပြန်လည်ချေဖျက်ခြင်းခံခဲ့ရပါတယ်။ 

PSG အသင်းအတွက် ပထမဆုံးချေပဂိုးကို ပွဲချိန် (၈၁)မိနစ်မှာ ဗာရန်းနဲ့ ကော်တိုအာတို့ အမှားကနေ ဘာပေက သွင်းယူခဲ့ပြီး ပွဲချိန် (၈၃) မိနစ်မှာ ဆာရာဘီယာက ဒုတိယချေပဂိုး သွင်းယူခဲ့ပါတယ်။  ကျန်ပွဲချိန်တွေမှာ ရီးယဲလ်တို့အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပြီး ဘေးလ်ရဲ့ ဖရီးကစ်ကန်ချက် တိုင်ထိထွက်ခဲ့လို့ ပွဲအပြီးမှာတော့ (၂-၂)ဂိုးနဲ့ သရေကျခဲ့ပါတယ်။  ဒါကြောင့် အုပ်စု(A) မှာ PSG အသင်းဟာ ရမှတ် (၁၃)မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ရီးယဲလ်ကတော့ ရမှတ် (၈)မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

 

ဂျူဗင်တပ်စ်နဲ့ အက်သလက်တီကိုတို့ရဲ့ ပွဲစဉ်မှာတော့ ဂျူဗင်တပ်စ်အသင်းက ဒီဘားလားရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းရဲ့ ပွဲထွက်စာရင်းမှာ စီရော်နယ်လ်ဒို ပြန်လည်ပါဝင်လာခဲ့ပေမယ့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်အသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုများတယ်ဆိုပေမယ့် အက်သလက်တီကိုအသင်းက အခွင့်အရေးဖန်တီးမှုနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုပိုင်းတွေမှာ ပိုကောင်းခဲ့တာပါ။ 

ဂျူဗင်တပ်စ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပထမပိုင်းပြီးခါနီးမှာ ဒီဘားလားက ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်ကတော့ အုပ်စု (D) မှာ ရမှတ် (၁၃)မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်သွားနိုင်ခဲ့ပြီး လက်ကျန်တစ်နေရာကို အက်သလက်တီကို (၇ မှတ်)၊ လေဗာကူဆင် (၅ မှတ်)တို့ အပြိုင်လုရမှာ ဖြစ်ပါတယ်။ 

 

နည်းပြသစ် မော်ရင်ဟိုရဲ့ စပါးအသင်းကတော့ အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် (၄-၂)ဂိုးနဲ့ အနိုင်ရကာ ဘိုင်ယန်မြူးနစ်နဲ့အတူ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။ 

စပါးအသင်းဟာ အိမ်ကွင်းမှာ အိုလံပီယာကော့စ်အသင်းကို ပွဲချိန် (၁၉) မိနစ်အတွင်းမှာပဲဲ (၂)ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ အိုလံပီယာကော့စ်အတွက် ဂိုးတွေကို ပွဲချိန် (၆)မိနစ်မှာ အာရာဘီနဲ့ ပွဲချိန် (၁၉)မိနစ်မှာ ဆယ်မီဒိုတို့က သွင်းယူခဲ့တာပါ။ 

စပါးအတွက် ပထမချေပဂိုးကို ပထမပိုင်းပြီးခါနီးမှာ အယ်လီက သွင်းယူခဲ့ပြီး ပွဲချိန် (၅၀) မိနစ်မှာ ဟာရီကိန်းက ဒုတိယချေပဂိုး ထပ်သွင်းခဲ့ပါတယ်။ ချေပဂိုးတွေ ရသွားတဲ့ စပါးအသင်းဟာ အားတက်သွားခဲ့ပြီး ပွဲချိန် (၇၃)မိနစ်မှာ အော်ရီယေးနဲ့ ပွဲချိန် (၇၇)မိနစ်မှာ ဟာရီကိန်းတို့က အနိုင်ဂိုးတွေ သွင်းယူခဲ့လို့ ပွဲအပြီးမှာ စပါးအသင်း (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

အုပ်စု (B)ရဲ့ အခြားတစ်ပွဲမှာတော့ ဘိုင်ယန်မြူးနစ်က ဇဗက်ဒါအသင်းကို အဝေးကွင်းမှာ (၆-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဘိုင်ယန်မြူးနစ်က (၁၅)မှတ်၊ စပါးက (၁၀)မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 



အုပ်စု (C) မှာတော့ မန်စီးတီးအသင်းဟာ ရှက်တာဒိုးနက်ကို အိမ်ကွင်းမှာ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပြီး အတ္တလန်တာအသင်းကတော့ အိမ်ကွင်းမှာ ဒိုင်နမိုဇာဂရက်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီအုပ်စုမှာ မန်စီးတီးအသင်းက ရမှတ် (၁၁)မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ရှက်တာဒိုးနက် (၆ မှတ်)၊ ဒိုင်နမိုဇာဂရက် (၅ မှတ်)နဲ့ အတ္တလန်တာ (၄ မှတ်)တို့ကတော့ လက်ကျန်တစ်နေရာအတွက် နောက်ဆုံးအချိန်အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၅) ပထမနေ့ ရလဒ်များ

ဂါလာတာစာရေး ၁-၁ ကလပ်ဘရုဂေး

လိုကိုမိုးတစ်မော်စကို ၀-၂ လေဗာကူဆင်

ရီးယဲလ်မက်ဒရစ် ၂-၂ PSG

စပါး ၄-၂ အိုလံပီယာကော့စ်

ဇဗက်ဒါ ၀-၆ ဘိုင်ယန်မြူးနစ်

မန်စီးတီး ၁-၁ ရှက်တာဒိုးနက်

အတ္တလန်တာ ၂-၀ ဒိုင်နမိုဇာဂရက်

ဂျူဗင်တပ်စ် ၁-၀ အက်သလက်တီကို

 

Most Read

Most Recent