ဆီးဂိမ်းစ်မတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ် ယူ-၂၂ အသင်း ဗီယက်နမ်နိုင်ငံ၌ ယနေ့ ခြေစမ်းမည်

ဆီးဂိမ်းစ်မတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ် ယူ-၂၂ အသင်း ဗီယက်နမ်နိုင်ငံ၌ ယနေ့ ခြေစမ်းမည်
Photo: MFF
Photo: MFF
Published 17 November 2019

မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာလလယ် ပိုင်းမှစတင်ကာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး အောက်တိုဘာ ၂၁ ရက်မှ ၃၁ ရက်အထိ ကာ တာနိုင်ငံ ဒိုဟာမြို့၌ သွားရောက်လေ့ကျင့် ခဲ့သလို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ထိုင်း ယူ-၂၂ အသင်း၊ ဗီယက်နမ် ယူ-၂၂ အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။

 

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်းသည် ပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၇ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပွဲစဉ်ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ ရှိ PVF လေ့ကျင့်ရေးစင်တာ၌ ကျင်းပမည်ဖြစ်ပြီး ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ဗ်သည် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ဘူလ်ဂေးရီးယားနိုင်ငံသို့ ခေတ္တပြန် သွားသောကြောင့် ထိုင်း ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲကို ကြီးကြပ်နိုင်ခြင်းမရှိသော်လည်း နိုဝင်ဘာ ၁၅ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာကာ အသင်းနှင့်ပူးပေါင်းနေပြီ ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ဒုတိယအကြိမ် ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ဇွန် ၇ ရက်က ဗီယက်နမ်နိုင်ငံ၌ ကစားသည့် ပထမခြေစမ်းပွဲတွင် ဗီယက်နမ်အသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရထားသည်။ မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာလလယ် ပိုင်းမှစတင်ကာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး အောက်တိုဘာ ၂၁ ရက်မှ ၃၁ ရက်အထိ ကာ တာနိုင်ငံ ဒိုဟာမြို့၌ သွားရောက်လေ့ကျင့် ခဲ့သလို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ထိုင်း ယူ-၂၂ အသင်း၊ ဗီယက်နမ် ယူ-၂၂ အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။

မြန်မာ ယူ-၂၂ အသင်းသည် ယခုခြေ စမ်းခရီးစဉ်သို့ ကစားသမား ၂၅ ဦးခေါ်ဆောင်သွားပြီး ဗီယက်နမ်နိုင်ငံမှ ပြန်လည်ရောက်ရှိမှသာ အပြီးသတ်ကစားသမားများ ရွေးချယ်မည်ဖြစ်သည်။ ယခုနှစ် ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့်အသင်းများအနေဖြင့် အသက် ၂၂ နှစ်အထက် ကစားသမားနှစ်ဦး ထည့်သွင်းအသုံးပြုခွင့်ရမည်ဖြစ်ပြီး မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ယင်းကစားသမားများကို အပြီးသတ်ရွေးချယ် ရခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent