နိုင်ငံအသင်းအတွက် ကစားပေးရသည်ကို ပိုနှစ်သက်ကြောင်း ဂါရတ်ဘေးလ် ဆို

နိုင်ငံအသင်းအတွက် ကစားပေးရသည်ကို ပိုနှစ်သက်ကြောင်း ဂါရတ်ဘေးလ် ဆို
Photos: Getty Images
Photos: Getty Images
Published 16 November 2019

ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်က မိမိအနေဖြင့် နိုင်ငံအသင်းအတွက် ကစားပေးရသည်ကို ပိုနှစ်သက်ကြောင်း ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်က မိမိအနေဖြင့် နိုင်ငံအသင်းအတွက် ကစားပေးရသည်ကို ပိုနှစ်သက်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၀)နှစ်အရွယ်ရှိ ဝေးလ်စ်လက်ရွေးစင် ဂါရတ်ဘေးလ်သည် ခြေသလုံးဒဏ်ရာကြောင့် အောက်တိုဘာ (၁၃)ရက်နေ့ကတည်းက ရီးယဲလ်အသင်းအတွက် ကစားပေးနိုင်ခဲ့ခြင်းမရှိသော်လည်း ဝေးလ်စ်အသင်း၏ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များတွင် ကစားရန် ပြင်ဆင်နေကြောင်း သိရသည်။ ဝေးလ်စ်အသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များအဖြစ် နိုဝင်ဘာ (၁၆)ရက်တွင် အဇာဘိုင်ဂျန်နှင့် အဝေးကွင်းပွဲစဉ်၊ နိုဝင်ဘာ (၁၉)ရက်တွင် ဟန်ဂေရီနှင့် အိမ်ကွင်းပွဲစဉ်များ ကစားရမည်ဖြစ်သည်။ 

ဂါရတ်ဘေးလ်က "ဝေးလ်စ်အသင်းအတွက် ကစားရတာကို ကျွန်တော်ပိုသဘောကျပြီး ပိုပြီးစိတ်လှုပ်ရှားမိပါတယ်။ ဝေးလ်စ်အသင်းမှာ ကျွန်တော့်နဲ့အတူ ယူ-၁၇ အသင်းမှာ ကတည်းက အတူတူလက်တွဲကစားလာတဲ့ အသင်းဖော်တွေ အများကြီးရှိပါတယ်။ ဒါက ငယ်ငယ်တုန်းက တနင်္ဂနွေနေ့တွေဆိုရင် သူငယ်ချင်းတွေနဲ့အတူ ပန်းခြံထဲမှာ ဘောလုံးကစားရသလိုပါပဲ။ ပြီးတော့ ဝေးလ်စ်အသင်းမှာ ကျွန်တော်တို့အားလုံး ဘာသာစကားတစ်ခုတည်းကို ပြောကြတာဖြစ်လို့ ကျွန်တော့်အနေနဲ့ ဒီမှာ ပိုပြီးသက်သောင့်သက်သာဖြစ်ပါတယ်။ ဒါပေမဲ့ ကွင်းထဲမှာတော့ ကျွန်တော့်အနေနဲ့ ပြောင်းလဲသွားတာ မရှိပါဘူး။ ဘယ်အသင်းအတွက် ကစားတာပဲဖြစ်ဖြစ် ကွင်းအတွင်းမှာတော့ ကျွန်တော့်အနေနဲ့ (၁၀၀)ရာခိုင်နှုန်း ကြိုးစားခဲ့တာချည်းပါပဲ"ဟု ပြောကြားခဲ့သည်။ 

ဂါရတ်ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် အသင်းနည်းပြ ဇီဒန်းနှင့် အဆင်မပြေဖြစ်နေပြီး အသင်းအတွက် ကစားပေးရသည်ကို စိတ်ပျက်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

ထို့ကြောင့် ယခု ဂါရတ်ဘေးလ်၏ ပြောစကားမှာ ရီးယဲလ်မက်ဒရစ်အသင်းကို ဒေါသထွက်စေမည့် စကားဖြစ်ပြီး ၎င်းအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ခံရဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ဂါရတ်ဘေးလ်သည် ၂၀၁၃ ခုနှစ်တွင် စပါးအသင်းမှ ပေါင်(၈၅.၃)သန်းဖြင့် ရီးယဲလ်အသင်းသို့ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၃၈)ပွဲတွင် (၁၀၄) ဂိုးသွင်းယူပေးထားသည်။ 

 

Most Read

Most Recent