တရုတ်​-မြန်​မာ မီဒီယာ Twin City ဖိုရမ်​ ထိပ်​သီးအစည်​းအ​ဝေး တရုတ်​နိုင်​ငံ ကူမင်​းမြို့တွင်​ ကျင်​းပ

တရုတ်​-မြန်​မာ မီဒီယာ Twin City ဖိုရမ်​ ထိပ်​သီးအစည်​းအ​ဝေး တရုတ်​နိုင်​ငံ ကူမင်​းမြို့တွင်​ ကျင်​းပ
၂၀၁၉ ခုနှစ်​အတွက်​ တရုတ်​-မြန်​မာ မီဒီယာ Twin City ဖိုရမ်​ ထိပ်​သီးအစည်​းအ​ဝေးကို နိုဝင်​ဘာ ၁၅ ရက်​​က တရုတ်​နိုင်​ငံ ကူမင်​းမြို့ရှိ Hualuxe ဟိုတယ်​တွင်​ ကျင်​းပစဉ်
၂၀၁၉ ခုနှစ်​အတွက်​ တရုတ်​-မြန်​မာ မီဒီယာ Twin City ဖိုရမ်​ ထိပ်​သီးအစည်​းအ​ဝေးကို နိုဝင်​ဘာ ၁၅ ရက်​​က တရုတ်​နိုင်​ငံ ကူမင်​းမြို့ရှိ Hualuxe ဟိုတယ်​တွင်​ ကျင်​းပစဉ်
Published 16 November 2019
ရွှန်းလဲ့ဝင်း

၂၀၁၉ ခုနှစ်​အတွက်​ တရုတ်​-မြန်​မာ မီဒီယာ Twin City ဖိုရမ်​ ထိပ်​သီးအစည်​းအ​ဝေးကို နိုဝင်​ဘာ ၁၅ ရက်​​က တရုတ်​နိုင်​ငံ ကူမင်​းမြို့ရှိ Hualuxe ဟိုတယ်​တွင်​ကျင်​းပခဲ့​ကြောင်​း သတင်​းရရှိသည်​။

ယ​ခုကျင်​းပသည်​့ ဖိုရမ်​သည်​ တရုတ်​ကွန်​မြူနစ်​ပါတီ ယူနန်​ပါတီကော်​မတီ ပြန်​ကြား​ရေးဝန်​ကြီးဌာနက ဦးစီးကျင်​းပခြင်​းဖြစ်​ပြီး ယူနန်​​နေ့စဉ်​သတင်​းစာအဖွဲ့က အဓိက တာဝန်​ခံ ​ဆောင်​ရွက်​ခြင်​းဖြစ်​သည်​။ အဆိုပါ ဖိုရမ်​သည်​ “အပြန်​အလှန်​ ချိတ်​ဆက်​ခြင်​းနှင့် အပြန်​အလှန်​ ယုံကြည်​မှုရရှိခြင်​း”ဟူ​သော အဓိက ဆောင်​ပုဒ်​ဖြင်​့ကျင်​းပခြင်​း ​နောင်​တွင်​ တရုတ်​နိုင်​ငံ ကူမင်​းမြို့နှင်​့ မြန်​မာနိုင်​ငံ ရန်​ကုန်​မြို့အကြား အပြန်​အလှန်​ကျင်​းပသွား မည်​ဟု သိရသည်​။

ယ​ခုကျင်​းပသည်​့ ဖိုရမ်​တွင်​ အဓိက​ဆောင်​ပုဒ်​ဖြင်​့ အမှာစကား​ပြောကြားခြင်​း၊ စကားဝိုင်​း ​ဆွေး​နွေးခြင်​းအစီအစဉ်​များဖြင်​့ ကျင်​းပခဲ့ခြင်​း ဖြစ်​​ကြောင်​းသိရသည်​။ တရုတ်​- မြန်​မာ မီဒီယာ Twin City ဖိုရမ်​ (၂၀၁၉ ခုနှစ်​ ) ကူမင်​း ထိပ်​သီးအစည်​းအ​ဝေးကို တရုတ်​နှင်​့ မြန်​မာနိုင်​ငံမှ သတင်​းပြန်​ကြား​ရေးဌာန၊ တရုတ်နှင်​့ မြန်​မာနှစ်​နိုင်​ငံမှ မီဒီ ယာများနှင်​့ ဖိတ်​ကြားထားသူများ တက်​​ရောက်​ခဲ့ကြ​သည်​။

အဆိုပါဖိုရမ်​သည်​ တရုတ်နှင်​့ မြန်​မာနှစ်​နိုင်​ငံမှ မီဒီယာများ အပြန်​အလှန်​သ​ဘော​ပေါက်​နားလည်​မှု တိုးမြှင်​့​စေရန်​၊ နှစ်​ဦးနှစ်​ဖက်​အကြား ​ရေရှည်​စနစ်​တကျ ဖွဲ့စည်​းထား​သော မီဒီယာ​ဆွေး​နွေးမှု ပလက်​​ဖောင်​းတစ်​ခု တည်​​ထောင်​ရန်​ ရည်​ရွယ်​ကျင်​းပခြင်​းဖြစ်​​ကြောင်​း သိရသည်​။

အဆိုပါဖိုရမ်​တွင်​ ယူနန်​ပြည်​နယ်​ ပါတီ​ကော်​မတီ ပြန်​ကြား​ရေးဝန်​ကြီးဌာန အမြဲ တာဝန်​ခံ ဒုဝန်​ကြီး ​လော်​ကျယ်​က “တရုတ်​နှင်​့ မြန်​မာ နှစ်​နိုင်​ငံမှမီဒီယာများသည်​ ကိုင်းကျွန်​းမှီ၊ ကျွန်​းကိုင်​းမှီကဲ့သို့ပင်​ ချစ်​ခင်​စွာ ဆက်​ဆံနိုင်​ရန်​၊ စိတ်​ရင်​းဖြင်​့ အပြန်​အလှန်​ယုံကြည်​​သော သူငယ်​ချင်​းဖြစ်​ဖို့ ​မျှော်​လင်​့ ထားပါတယ်​။ နှစ်​ဦးနှစ်​ဖက်​ ပူး​ပေါင်​းမှုသည်​ အနာဂတ်သို့ တည်​ငြိမ်​စွာသွာ​း​ရောက်​ကြရန်၊ ပိုမိုများပြား​သော စိတ်​လှုပ်​ရှား​စေသည်​့ ​ပေါက်​​ဖော်​ပုံပြင်​ကို ​ရေးသား ဖော်​ပြနိုင်​ရန်​ ​မျှော်​လင်​့​ကြောင်​း” ပြောကြားသည်​။

ယင်​း​နောက်​ ဖိုရမ်​ ပထမ​ပိုင်​း​ဆွေး​နွေး ခြင်​းကို ကျင်​းပခဲ့ပြီး တရုတ်​-မြန်​မာ စီးပွား ရေးစင်္ကြ ံ၊ လူသားကံကြမ္မာ အသိုက်​အဝန်​း အတူတည်​​ဆောက်​ရာတွင်​ မီဒီယာများ၏ အခန်​းကဏ္ဍခေါင်​းစဉ်​ကို ယူနန်​သတင်​းစာ မီဒီယာ (အုပ်​စု) ကုမ္ပဏီလီမိတက်​ လက်​​ထောက်​ အ​ထွေ​ထွေမန်​​နေဂျာလီ​ကော်​အန်း၊ မြန်​မာနိုင်​ငံ Northern Light ငါ့အဂျာနယ်​အယ်​ဒီတာချုပ်​ ဦးဝင်​းတင်​ ၊ တရုတ်​ နေ့စဉ်​သတင်းစာ ယူနန်​ရုံးခွဲတာဝန်​ခံ လီရင်​့ချင်​း ၊ မြန်​မာ“ရွှေ ဇာမဏီ”တရုတ်​သတင်​းစာတိုက်​ အ​ထွေထွေ မန်​​နေဂျာ ​ဒေါ်ချိုသက်​ထွန်​း ၊ တယ်​ဟုန်​မီဒီ ယာအုပ်​စု CEO ဟန်​ရှီချန်​တို့က ​ဆွေး​နွေး ပြောကြားခဲ့သည်​။

ဖိုရမ်​ ဒုတိယပိုင်​း၌  “ခေတ်​သစ်​ကာလတွင်​ တီထွင်​ဆန်​းသစ်​ခြင်​းနှင်​့ ​ရောစပ်​ခြင်​း ဖြင်​့ ပုံနှိပ်​မီဒီယာနှင်​့ မီဒီယာအသစ်​ အတူရှင်​သန်​ဖြစ်​ထွန်​းခြင်​း” ခေါင်​းစဉ်​ဖြင်​့ ယူနန်​​နေ့ စဉ်​ သတင်​းစာ အဖွဲ့ အယ်​ဒီတာချုပ်​ ယမ်​ရွင့်၊ မြန်​မာနိုင်​ငံ ရန်​ကုန်​မီဒီယာအုပ်​စု မန်​​နေဂျင်း ဒါရိုက်​တာ ဦး​ဇော်​ဝင်​းခိုင်​ ၊ ယူနန်​တက္ကသိုလ်​ သတင်​းစာပညာ​ရေးဌာန အမြဲတမ်​း ဒုတိယ ဌာနမှူး ရှန်​​ရှောင်​ဟုန်​ ၊ မြန်​မာနိုင်​ငံစာ​ရေး ဆရာကလပ်​ ပြန်​ကြား​ရေး ဗဟို​ကော်​မတီဝင်၊ မြန်​မာနိုင်​ငံဘာသာပြန်​ကွန်​ရက်​ ဒုတိယဥက္ကဋ္ဌ ဦးဟိန်​းလတ်​နှင်​့ မြန်​မာနိုင်​ငံ သတင်​းစာ ဆရာအသင်​းမှ ဗဟိုအမှု​ဆောင်​ ​ကော်​မတီဝင်​ ဦးထွန်​း​နေစိုးတို့က ​ဆွေး​နွေးပြောကြားခဲ့​ကြောင်​း သိရသည်​။

Most Read

Most Recent