အီကာဒီအား ပြန်လည်ရွေးချယ်ရန် စောင့်ကြည့်နေကြောင်း အာဂျင်တီးနားနည်းပြ စကာလိုနီ ပြောကြား

အီကာဒီအား ပြန်လည်ရွေးချယ်ရန် စောင့်ကြည့်နေကြောင်း အာဂျင်တီးနားနည်းပြ စကာလိုနီ ပြောကြား
Photo: Reuters
Photo: Reuters
Published 15 November 2019

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက PSG တိုက်စစ်မှူး အီကာဒီအား အသင်းတွင် ပြန်လည်ရွေးချယ်ရန် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ 

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက PSG တိုက်စစ်မှူး အီကာဒီအား အသင်းတွင် ပြန်လည်ရွေးချယ်ရန် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ အီကာဒီသည် ယခုနှစ်အတွင်း အာဂျင်တီးနားအသင်းတွင် မပါဝင်ခဲ့ခြင်းမရှိဘဲ ဘရာဇီးလ်၊ ဥရုဂွေးတို့နှင့် ခြေစမ်းမည့် အသင်းလူစာရင်းတွင်လည်း ပါဝင်လာခြင်း မရှိပေ။ 

သို့သော် အီကာဒီသည် ယခုရာသီတွင် PSG အသင်း၌ ပြိုင်ပွဲစုံ (၁၀)ပွဲတွင် (၉)ဂိုးသွင်းယူထားပြီး အာဂျင်တီးနားအသင်းတွင် ရွေးချယ်ခံရရန် ထိုက်တန်သည့် ခြေစွမ်းပြသနေသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

စကာလိုနီက "အီကာဒီကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ အီကာဒီအနေနဲ့ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းမှာ ပြဿနာတွေဖြစ်ပွားခဲ့ပေမယ့် အခုတော့ သူ ဘောလုံးပြန်ကစားနေပါပြီ။ သူက ကျွန်တော်တို့ရဲ့ အစီအစဉ်ထဲမှာ ပါဝင်သူဖြစ်ပါတယ်။ သူ့အနေနဲ့ PSG အသင်းမှာ ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် အာဂျင်တီးနားအသင်းမှ ပါဝင်ခွင့်ရမှာပါ။ အာဂျင်တီးနားအသင်းက ကစားသမားကောင်းတွေအတွက် အမြဲတမ်းတံခါးဖွင့်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

အီကာဒီသည် အာဂျင်တီးနားလက်ရွေးစင်အသင်းတွင် ၂၀၁၃ ခုနှစ်က စတင်ပွဲထွက်ခဲ့သော်လည်း (၈)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး (၁)ဂိုးသာ သွင်းယူထားသည်။ 

 

Most Read

Most Recent