အာဆင်နယ်အသင်းတွင် အနာဂတ်လှုပ်ခတ်နေသော ချာကာ မီလန်မြို့တွင် နေအိမ်သစ် ရှာဖွေလျက်ရှိ

အာဆင်နယ်အသင်းတွင် အနာဂတ်လှုပ်ခတ်နေသော ချာကာ မီလန်မြို့တွင် နေအိမ်သစ် ရှာဖွေလျက်ရှိ
Photos: The Sun
Photos: The Sun
Published 13 November 2019

အာဆင်နယ်ပရိသတ်များနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သော ချာကာအား လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် အာဆင်နယ်အသင်းတာဝန်ရှိသူများက စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး စီးရီးအေကလပ် အေစီမီလန်အသင်းက ၎င်းအား ခေါ်ယူရန် ပစ်မှတ်ထားနေသည်။

 

အာဆင်နယ်အသင်းတွင် အနာဂတ်လှုပ်ခတ်နေသော ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်လူ ချာကာသည် အီတလီနိုင်ငံ၊ မီလန်မြို့တွင် နေအိမ်သစ် ရှာဖွေလျက်ရှိ နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အာဆင်နယ်ပရိသတ်များနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သော ချာကာအား လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် အာဆင်နယ်အသင်းတာဝန်ရှိသူများက စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး စီးရီးအေကလပ် အေစီမီလန်အသင်းက ၎င်းအား ခေါ်ယူရန် ပစ်မှတ်ထားနေသည်။

အေစီမီလန်အသင်းတွင် အမှုဆောင်ချုပ်အဖြစ် ဆောင်ရွက်နေသော အာဆင်နယ်အမှုဆောင်ချုပ်ဟောင်း အိုင်ဗန်ဂါဇီဒစ်သည် ၂၀၁၆ ခုနှစ်က ချာကာအား မိုချန်ဂလာဘတ်အသင်းမှ အာဆင်နယ်သို့ ခေါ်ယူခဲ့သူဖြစ်ပြီး ယခု ၎င်းအား အေစီမီလန်သို့ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

 

Most Read

Most Recent