အနာဂတ်အတွက် စိုးရိမ်ပူပန်မှုမရှိဟု ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ ဖွင့်ဟ

အနာဂတ်အတွက် စိုးရိမ်ပူပန်မှုမရှိဟု ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ ဖွင့်ဟ
Published 9 November 2019

 

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက သူ၏အနာဂတ်အတွက် စိုးရိမ်ပူပန်မှုမဖြစ်မိကြောင်းနှင့် ကလပ်အသင်းမှ အပြည့်အဝထောက်ခံအားပေးနေသည်ဟု ခံစားမိကြောင်း ဖွင့်ဟခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်အပတ် လာလီဂါပွဲစဉ်တွင် လီဗန်တေးအသင်းကို အရေးနိမ့်ခဲ့ပြီး ကြားရက် ဆလားဗီးယားပရပ်ဂ်နှင့်ချန်ပီယံလိဂ်ပွဲတွင်လည်း ဂိုးမရှိသရေကျခဲ့သောကြောင့် ဗယ်လ်ဗာဒီ၏အနာဂတ်မှာ လှုပ်ခတ်လာခြင်းဖြစ်သည်။

သူ၏အနာဂတ်အတွက် စိုးရိမ်ပူပန်မိသလားဟု မေးမြန်းမှုကို ဗယ်လ်ဗာဒီက '' မရှိပါဘူး။ ကလပ်အသင်းကလည်း ကျွန်တော့်ကို ထောက်ခံသလို၊ လေးစားမှုလည်းရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိပါဘူး'' ဟု ဖြေကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီတွင် ရှုံးပွဲ(၃)ပွဲအထိ ရင်ဆိုင်ထားရကြောင်း သိရသည်။

ဗယ်လ်ဗာဒီက လက်ရှိအချိန်တွင် အသင်းအနေဖြင့် နိုင်ပွဲပြန်လည်ရရှိရန် လိုအပ်နေပြီဟုလည်း မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ၎င်းက ဆယ်လ်တာဗီဂိုနှင့်ပွဲတွင် ဆွာရက်ဇ် ပြန်လည်ကစားနိုင်ခြေရှိပြီး နောက်ခံလူ အယ်လ်ဘာမှာမူ တံကောက်ကြောဒဏ်ရာကြောင့် အနားယူရဦးမည်ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent