ချယ်လ်ဆီးအသင်းသမိုင်းတွင် အသက်အငယ်ဆုံး ချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ် ရီဆီဂျိမ်းစ် မှတ်တမ်းဝင်

ချယ်လ်ဆီးအသင်းသမိုင်းတွင် အသက်အငယ်ဆုံး ချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ် ရီဆီဂျိမ်းစ် မှတ်တမ်းဝင်
Photos: Getty Images & Daily Mail
Photos: Getty Images & Daily Mail
Published 6 November 2019

ချယ်လ်ဆီးအသင်းလူငယ်နောက်ခံကစားသမား ရီဆီဂျိမ်းစ်သည် အသင်းသမိုင်းတွင် အသက်အငယ်ဆုံး ချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းလူငယ်နောက်ခံကစားသမား ရီဆီဂျိမ်းစ်သည် အသင်းသမိုင်းတွင် အသက်အငယ်ဆုံး ချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ချယ်လ်ဆီး (၄-၄) အေဂျက်စ်ပွဲတွင် ရီဆီဂျိမ်းစ်သည် ဒုတိယပိုင်းတွင် အလွန်ဆိုအစား လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် နောက်ဆုံးချေပဂိုးကို ပွဲချိန် (၇၄)မိနစ်၌ သွင်းယူခဲ့ခြင်းဖြစ်သည်။ 

ရီဆီဂျိမ်းစ်သည် ယင်းဂိုးသွင်းချိန်တွင် အသက် (၁၉)နှစ်၊ (၃၃၂)ရက်သာ ရှိသေးရာ ချယ်လ်ဆီးအသင်းသမိုင်းတွင် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ 

ယခင်က ချယ်လ်ဆီးအသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ထားသူမှာ ကစားသမားဘဝမှ အနားယူသွားပြီဖြစ်သည့် နယ်သာလန်ဂန္ထဝင်ကစားသမား ရော်ဘင်ဖြစ်သည်။ 

ရော်ဘင်သည် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလက ကစားခဲ့သည့် CKSA မော်စကိုအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် (၂၀)နှစ်၊ (၂၈၄)ရက်ဖြင့် ဂိုးသွင်းကာ ချယ်လ်ဆီးအသင်းသမိုင်းတွင် အသက်အငယ်ဆုံးချန်ပီယံလိဂ် ဂိုးသွင်းသူအဖြစ် စံချိန်တင်ထားခြင်းဖြစ်ပြီး ယခုအခါ ရီဆီက ယင်းစံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ 

ရီဆီဂျိမ်းစ်က "ရူးသွပ်ဖွယ် ပွဲတစ်ပွဲပါပဲ။ အေဂျက်စ်အသင်းက အရမ်းကောင်းတဲ့ အသင်းပါ။ ကျွန်တော်တို့အနေနဲ့ အေဂျက်စ်အသင်း ကစားသမား (၂)ယောက် လျော့သွားတာကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အနိုင်မရခဲ့တာတော့ နှမြောစရာကောင်းပါတယ်။ ဂိုးသွင်းနိုင်ခဲ့တာကတော့ ကျွန်တော့်အတွက် အပိုဆုပါ"ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent