ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များတွင် ရီးယဲလ်မက်ဒရစ်အသင်း အနိုင်မရခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်

ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များတွင် ရီးယဲလ်မက်ဒရစ်အသင်း အနိုင်မရခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်
Photo: Getty Images
Photo: Getty Images
Published 5 November 2019

ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များတွင် အနိုင်မရခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များတွင် အနိုင်မရခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်း၌ နောက်ဆုံးအနိုင်ရခဲ့သည်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၂၃)ရက်နေ့ကဖြစ်ပြီး ဗစ်တိုးရီးယားအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

ယင်းပွဲပြီးနောက် ဘာနေဗျူးကွင်း ကစားခဲ့သည့် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းသည် CKSA မော်စကိုအသင်းကို (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို၊ ရှုံးထွက် (၁၆)သင်းအဆင့်တွင်လည်း အိမ်ကွင်း၌ အေဂျက်စ်အသင်းကို (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ 

ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဘာနေဗျူးကွင်းတွင် ကစားခဲ့သည့် ကလပ်ဘရုဂေးနှင့်ပွဲတွင်လည်း အနိုင်ကစားနိုင်ခြင်း မရှိဘဲ (၂-၂)ဂိုးဖြင့် သရေသာ ကစားနိုင်ခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဘာနေဗျူးကွင်းတွင် CSKA မော်စကိုအသင်းနှင့် အေဂျက်စ်အသင်းတို့ကို (၂)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းမှာ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က ချန်ပီယံလိဂ်အိမ်ကွင်း (၂)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းမရှိကြောင်း သိရသည်။ 

ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းသည် နိုဝင်ဘာ (၆)ရက်တွင် ဂါလာစာရေးအသင်းနှင့် ဘာနေဗျူးကွင်းတွင် ကစားမည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၌ နိုင်ပွဲရန် ရည်မှန်းနေကြောင်း သိရသည်။ 

ချန်ပီယံလိဂ်ဖလားကို (၁၃)ကြိမ်အထိ စံချိန်တင် ရရှိထားသည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ် နောက်ဆုံး (၆)ပွဲတွင် (၂)ပွဲသာ အနိုင်ရထားသည်။ 

 

Most Read

Most Recent