ဆွန်ဟောင်မင်၏ အနီကတ်ပြစ်ဒဏ်ကို စပါးအသင်း အယူခံဝင်

ဆွန်ဟောင်မင်၏ အနီကတ်ပြစ်ဒဏ်ကို စပါးအသင်း အယူခံဝင်
Published 5 November 2019

စပါးအသင်းသည် အဲဗာတန်နှင့်ပွဲတွင် ပြသခံခဲ့ရသည့် တောင်ပံကစားသမား ဆွန်ဟောင်မင်၏ အနီကတ်ပြစ်ဒဏ် ကို အယူခံဝင်လိုက်ကြောင်း သိရှိရသည်။

ဆွန်ဟောင်မင်သည် ယင်းပွဲတွင် အဲဗာတန်ကွင်းလယ်ကစားသမား အန်ဒရေဂိုး မက်စ်ကို နောက်မှဖျက်ထုတ်ခဲ့ပြီး အသင်းဖော် အော်ရီယာကလည်း ဝင်တားခဲ့သည့်အတွက် အန်ဒရေဂိုးမက်စ်သည် ခြေချင်းဝတ်၌ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။

ယင်းဖြစ်ရပ်တွင် ဒိုင်လူကြီးက ဆွန်ဟောင်မင်ကို အနီကတ်ပြခဲ့သလို၊ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကလည်း ဆွန်ဟောင်မင်သည် ပြိုင်ဘက်ကစားသမားကို အန္တရာယ်ဖြစ်စေနိုင်သော ဖျက်ထုတ်မှု စတင်ပြုလုပ်ခဲ့ခြင်းကြောင့် အနီကတ်ပြခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်ထုတ်ခဲ့သည်။

သို့သော် စပါးနည်းပြ ပိုချက်တီနို ကမူ ဆွန်ဟောင်မင်အနေဖြင့် အဝါကတ်သာ ပြသခံရသင့်သည်ဟု ဆိုခဲ့သည်။

Most Read

Most Recent