၂၀၀၆-၀၇ ရာသီနောက်ပိုင်း ရမှတ်အနည်းဆုံး လာလီဂါချန်ပီယံအသင်းကို ယခုရာသီတွင် မြင်တွေ့ရဖွယ်ရှိ

၂၀၀၆-၀၇ ရာသီနောက်ပိုင်း ရမှတ်အနည်းဆုံး လာလီဂါချန်ပီယံအသင်းကို ယခုရာသီတွင် မြင်တွေ့ရဖွယ်ရှိ
Published 5 November 2019

၂၀၀၆-၀၇ ရာသီနောက်ပိုင်း ရမှတ်အနည်းဆုံး လာလီဂါချန်ပီယံအသင်းကို ယခုရာသီတွင် မြင်တွေ့ရ ဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ယခုရာသီတွင် ချန်ပီယံ ဘာစီလိုနာအသင်းအပါအဝင် အသင်းကြီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုအသင်းတို့မှာ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသဖြင့် Marca သတင်းစာက ယင်းကဲ့သို့သုံးသပ်ခဲ့ခြင်းဖြစ်သည်။

လာလီဂါပွဲစဉ် (၁၂) အပြီးတွင် ပွဲကျန်(၁)ပွဲကစားရန်ကျန်နေကြသည့် ဘာစီလိုနာနှင့်ရီးယဲလ်အသင်းတို့က ရမှတ်(၂၂)မှတ်စီ ဖြင့် အမှတ်ပေးဇယား ပထမနှင့် ဒုတိယနေရာတို့၌ ရပ်တည်နေပြီး အက်သလက်တီကိုအသင်းက (၂၁)မှတ်ဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။

လာလီဂါအသင်းများအနေဖြင့် ယခုပုံစံအတိုင်း ဆက်သွားမည်ဆိုပါက(၇၉) မှတ်ရရုံ ဖြင့် ချန်ပီယံဖြစ်နိုင်ပြီး ယင်းမှာ ရီးယဲလ်အသင်းချန်ပီယံဖြစ်ခဲ့သည့် ၂၀၀၆- ၀၇ ရာသီ(၇၆မှတ်) နောက်ပိုင်း ရမှတ်အနည်းဆုံး လာလီဂါချန်ပီယံအသင်းဖြစ်လာမည်ဟု Marca က ဖော်ပြခဲ့သည်။

၂၀၀၆-၀၇ ရာသီနောက်ပိုင်း လာလီ ဂါချန်ပီယံအသင်းများ၏ ရမှတ်

ရာသီ        ချန်ပီယံ         ရမှတ်

၂၀၀၇-၀၈        ရီးယဲလ်မက်ဒရစ်    ၈၇

၂၀၀၈-၀၉        ဘာစီလိုနာ    ၈၇

၂၀၀၉-၁၀        ဘာစီလိုနာ    ၉၉

၂၀၁၀-၁၁        ဘာစီလိုနာ    ၉၆

၂၀၁၁-၁၂        ရီးယဲလ်မက်ဒရစ်    ၁၀၀

၂၀၁၂-၁၃        ဘာစီလိုနာ    ၁၀၀

၂၀၁၃-၁၄        အက်သလက်တီကို    ၉၀

၂၀၁၄-၁၅        ဘာစီလိုနာ    ၉၄

၂၀၁၅-၁၆        ဘာစီလိုနာ    ၉၁

၂၀၁၆-၁၇        ရီးယဲလ်မက်ဒရစ်    ၉၃

၂၀၁၇-၁၈        ဘာစီလိုနာ    ၉၃

၂၀၁၈-၁၉        ဘာစီလိုနာ    ၈၇

Most Read

Most Recent