ပွဲမပြီးမီ ကွင်းထဲမှ ထွက်ခွာသွားခဲ့သည့် ဘေးလ် စည်းမျဉ်းချိုးဖောက်ခြင်းမရှိဟု ဇီဒန်း ဆို

ပွဲမပြီးမီ ကွင်းထဲမှ ထွက်ခွာသွားခဲ့သည့် ဘေးလ် စည်းမျဉ်းချိုးဖောက်ခြင်းမရှိဟု ဇီဒန်း ဆို
Photos: EPA & Getty Images
Photos: EPA & Getty Images
Published 1 November 2019

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက အသင်း၏ ဝေးလ်စ်ကစားသမား ဂါရတ်ဘေးလ်သည် လီဟာနက်စ်နှင့်ပွဲတွင် ပွဲမပြီးမီ ကွင်းထဲမှ ထွက်ခွာသွားခဲ့သော်လည်း အသင်းက ချမှတ်ထားသောစည်းမျဉ်းကို ချိုးဖောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။ 

ဂါရတ်ဘေးလ်သည် ယင်းပွဲကို ပွဲကြည့်စင်ပေါ်မှသာ အားပေးခဲ့ရခြင်းဖြစ်ပြီး ပွဲချိန်(၈၂)မိနစ်၌ ကွင်းထဲမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် မီဒီယာများက ဘေးလ်၏ အပြုအမူနှင့်ပတ်သက်၍ ဇီဒန်းကို မေးမြန်းခဲ့ရာ အသင်းမှ ခွင့်ပြုထားသည့် အချိန်ကာလတွင် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းလူစာရင်းတွင် မပါဝင်သောကစားသမားများအနေဖြင့် ပွဲမပြီးမီ (၁၀)မိနစ်အလိုမှ အိမ်ပြန်ခွင့်ရှိသည်ဟု စည်းမျဉ်းချမှတ်ထားကြောင်း သိရှိရသည်။

အသက် (၃၀)နှစ်အရွယ်ရှိ ဂါရတ်ဘေးလ်သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲကစားရာ၌ (၂)ဂိုး သွင်းယူထားသည်။ 

ဗြိတိန်မီဒီယာများ၏ ဖော်ပြမှုအရ ရီးယဲလ်မက်ဒရစ်အသင်းသည် မန်ယူကွင်းလယ်လူ ပေါ့ဘာအား ခေါ်ယူရန်စီစဉ်နေပြီး ဘေးလ်ကို အလိုက်ပေးကမ်းလှမ်းရန် ရှိနေကြောင်းလည်း သိရသည်။

Most Read

Most Recent