ရီးယဲလ်မက်ဒရစ်အသင်းတွင် စီရော်နယ်လ်ဒို၏ ကျောနံပါတ် (၇)ဂျာစီကို ဆက်ခံရသည်မှာ မလွယ်ကူကြောင်း ဟာဇက် ဝန်ခံ

ရီးယဲလ်မက်ဒရစ်အသင်းတွင် စီရော်နယ်လ်ဒို၏ ကျောနံပါတ် (၇)ဂျာစီကို ဆက်ခံရသည်မှာ မလွယ်ကူကြောင်း ဟာဇက် ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 29 October 2019

ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဟာဇက်က အသင်းတွင် စီရော်နယ်လ်ဒို၏ ကျောနံပါတ် (၇)ဂျာစီကို ဆက်ခံရသည်မှာ မလွယ်ကူကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဟာဇက်က အသင်းတွင် စီရော်နယ်လ်ဒို၏ ကျောနံပါတ် (၇)ဂျာစီကို ဆက်ခံရသည်မှာ မလွယ်ကူကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပေါင်သန်း (၁၀၀)ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ဟာဇက်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ၂၀၁၈ ခုနှစ်က ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် နာမည်ကျော် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် (၇)ဂျာစီကို ဝတ်ဆင်ခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် ဟာဇက်ကို မျှော်လင့်ခဲ့ကြသော်လည်း ဟာဇက်မှာ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည်။ 

ဟာဇက်က "စီရော်နယ်လ်ဒိုရဲ့ ကျောနံပါတ် (၇)ဂျာစီကို ဆက်ခံရတာ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ စီရော်နယ်လ်ဒိုက သမိုင်းဝင်ကစားသမားပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အသင်းအတွက် အကောင်းဆုံး ပေးဆပ်သွားမှာပါ။ ရီးယဲလ်မက်ဒရစ်အသင်းက ကမ္ဘာအကောင်းဆုံးအသင်းဖြစ်ပြီး ဒါကြောင့်လည်း ဒီအသင်းကို ကျွန်တော် ပြောင်းရွှေ့လာခဲ့တာပါ"ဟု ပြောကြားခဲ့သည်။

ဟာဇက်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၇)ပွဲကစားခဲ့ရာ (၁)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

 

Most Read

Most Recent