အယ်လီဂရီ၏ အေးဂျင့်များထံ အဲဗာတန်အသင်း ဆက်သွယ်နေပြီး မိမိ၏ ရာထူးအတွက် စိုးရိမ်ပူပန်မှုမရှိဟု မာကိုဆေးလ်ဗား ပြောကြား

အယ်လီဂရီ၏ အေးဂျင့်များထံ အဲဗာတန်အသင်း ဆက်သွယ်နေပြီး မိမိ၏ ရာထူးအတွက် စိုးရိမ်ပူပန်မှုမရှိဟု မာကိုဆေးလ်ဗား ပြောကြား
Photos: Getty Images
Photos: Getty Images
Published 23 October 2019

အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ အယ်လီဂရီသည် ယခုနှစ်၊ မေလအတွင်းက စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းနည်းပြအဖြစ်မှ  နုတ်ထွက်ခဲ့ပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ ယခုရာသီတွင်  ရလဒ်ဆိုးများ ကြုံတွေ့နေရသော မန်ယူအသင်းကလည်း ၀ါရင့်နည်းပြ အယ်လီဂရီကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။

 

 

အဲဗာတန်အသင်းတာဝန်ရှိသူများသည် ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း အယ်လီဂရီ၏ အေးဂျင့်များထံ ဆက်သွယ်ပြီး နည်းပြသစ်အဖြစ် ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း ဗြိတိန်သတင်းစာ Daily Star က ဖော်ပြခဲ့သည်။

အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ အယ်လီဂရီသည် ယခုနှစ်၊ မေလအတွင်းက စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းနည်းပြအဖြစ်မှ  နုတ်ထွက်ခဲ့ပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ ယခုရာသီတွင်  ရလဒ်ဆိုးများ ကြုံတွေ့နေရသော မန်ယူအသင်းကလည်း ၀ါရင့်နည်းပြ အယ်လီဂရီကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။ အယ်လီဂရီကမူ မိမိ၏ အင်္ဂလိပ်စကားပြောမှာ အလွန်အားနည်း၍ အင်္ဂလန်ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ရန် မဖြစ်နိုင်သေးကြောင်း၊ လက်ရှိအချိန်တွင် အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ကြားနေဆဲဖြစ်ကြောင်း မကြာသေးမီက ပြောကြားထားသည်။

အဲဗာတန်အသင်းပိုင်ရှင် မိုရှီရီသည် ယခုနှစ် ဘောလုံးရာသီတွင် အဲဗာတန်အသင်း ရလဒ်ဆိုးများကြုံတွေ့နေခြင်းကြောင့် နည်းပြဖြစ်သူ မာကိုဆေးလ်ဗားကို အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ဝက်စ်ဟမ်းနှင့်ပွဲ မတိုင်မီ မာကိုဆေးလ်ဗားအနေဖြင့် ယင်းပွဲတွင် ရှုံးနိမ့်ခဲ့လျှင် ရာထူးမှထုတ်ပယ်ခံရမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ အဲဗာတန် အသင်းသည် ယင်းပွဲတွင် ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း၌(၂-၀)ဂိုး ဖြင့် အနိုင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်တွင် (၄)ပွဲ ဆက်ရှုံးနိမ့်နေခြင်းကို အဆုံးသတ်နိုင်ခဲ့သည်။

ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့ခြင်း ကြောင့် ဖိအားများလျော့သွားသလားဟု မီဒီယာများ ကမေးမြန်းခဲ့ရာတွင် မာကိုဆေးလ်ဗားက "ဖိအားဆိုတာ ဘောလုံးလောကမှာ အမြဲရှိနေတဲ့အရာပါ။ တကယ်လို့ ကိုယ့်အသင်းက အခြေအနေကောင်းနေရင် နောက်ထပ်နိုင်ပွဲတွေရဖို့ ဖိအားကရှိနေမှာပါ။ တကယ်လို့ ကိုယ့်အသင်း အခြေအနေမကောင်းရင်လည်း နိုင်ပွဲတွေပြန်ရဖို့အတွက် ဖိအားတွေကြားမှာ ကျွန်တော်တို့ ပျော်မွေ့ရဦးမှာပါပဲ။ ဖိအားဆိုတာ ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်သက်မြတ်နိုးတဲ့အလုပ်ကို လုပ်နေတာဖြစ်လို့ ဒါတွေက ကြုံ တွေ့နေရမှာပါပဲ"ဟု ပြောကြားခဲ့ပြီး ၎င်း၏ရာထူးအတွက်စိုးရိမ်ပူပန်မှုမရှိကြောင်းလည်းပြောကြားခဲ့သည်။

 

Most Read

Most Recent