ရလဒ်များ ဆက်လက်ဆိုးရွားနေမည်ဆိုလျှင် ရာထူးမှထုတ်ပယ်ခံရမည်ကို နားလည်ကြောင်း ပိုချက်တီနိုပြောကြား

ရလဒ်များ ဆက်လက်ဆိုးရွားနေမည်ဆိုလျှင် ရာထူးမှထုတ်ပယ်ခံရမည်ကို နားလည်ကြောင်း ပိုချက်တီနိုပြောကြား
Photo: Getty Images
Photo: Getty Images
Published 23 October 2019

စပါးအသင်းနည်းပြ ပိုချက်တီနိုက မိမိအနေဖြင့် ရလဒ်ကောင်းများ ရရှိအောင် မစွမ်းဆောင်နိုင်လျှင် ရာထူးမှ ထုတ်ပယ်ခံရမည်ကို နားလည်ထားကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းနည်းပြ ပိုချက်တီနိုက မိမိအနေဖြင့် ရလဒ်ကောင်းများ ရရှိအောင် မစွမ်းဆောင်နိုင်လျှင် ရာထူးမှ ထုတ်ပယ်ခံရမည်ကို နားလည်ထားကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ကြုံတွေ့နေရပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၉)အပြီးတွင် (၃)ပွဲသာအနိုင်ရကာ ရမှတ် (၁၂)မှတ်ဖြင့် အဆင့် (၇)နေရာ၌ ရပ်တည်လျက်ရှိသည်။

ထို့ပြင် စပါးအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ (၇)ပွဲတွင် (၁)ပွဲသာအနိုင်ရခဲ့ပြီး (၄)ပွဲအထိရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ပိုချက်တီနိုက '' တကယ်လို့ ကျွန်တော်တို့အနေနဲ့ ခြေစွမ်းကောင်းမလာဘူး၊ ရလဒ်တွေကောင်းမလာဘူးဆိုရင် ဘာဖြစ်မယ်ဆိုတာကို လူတိုင်းသိပြီးသားပါ။ ဘောလုံးလောကမှာ ဒါတွေက ဖြစ်နေကြပါပဲ။ အဲဒီအကြောင်းကို ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်။ အခုဆိုရင် ကျွန်တော့်အသက်က (၄၇)နှစ်ရှိပါပြီ။ ဒါပေမဲ့ ကျွန်တော့်မှာ ဆံပင်ဖြူတွေမရှိသေးပါဘူး။ ဒါက ဘာကိုပြသလဲဆိုရင် ရာထူးကထုတ်ပယ်ခံရမှာနဲ့ပတ်သက်ပြီး ကျွန်တော်စိတ်မပူဘူးဆိုတာကို ပြောချင်တာပါပဲ။ ကျွန်တော့်အနေနဲ့ အသင်းခြေစွမ်းကောင်းဖို့နဲ့ ရလဒ်ကောင်းဖို့ကိုပဲ အာရုံစိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခြေစွမ်းမကောင်းဘဲ ရလဒ်ကောင်းတွေရရှိဖို့ မလွယ်ပါဘူး" ဟုပြောကြားခဲ့သည်။

စပါးအသင်းသည် ယခုရာသီပြိုင်ပွဲစုံ (၁၂)ပွဲတွင် (၃)ပွဲသာအနိုင်ရရှိထားကြောင်း သိရသည်။ ထို့ကြောင့် ပိုချက်တီနိုအနေဖြင့် ယခုရာသီမကုန်မီမှာပင် နည်းပြရာထူးမှ ထုတ်ပယ်ခံရမည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

သို့သော် ပိုချက်တီနိုက ဘောလုံးလောကတွင် အတိတ်စွမ်းဆောင်မှုများက အရေးမပါကြောင်းနှင့် လက်ရှိရလဒ်ကသာ အရေးအကြီးဆုံးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 

Most Read

Most Recent