စီရော်နယ်လ်ဒို၏ ကစားသမားဘဝသွင်းဂိုး (၆၉၉) ဂိုးအထိရှိလာပြီး သမိုင်းတစ်လျှောက် ဂိုးအများဆုံးစာရင်းတွင် အဆင့် (၆) နေရာ ရပ်တည်နေ

စီရော်နယ်လ်ဒို၏ ကစားသမားဘဝသွင်းဂိုး (၆၉၉) ဂိုးအထိရှိလာပြီး သမိုင်းတစ်လျှောက် ဂိုးအများဆုံးစာရင်းတွင် အဆင့် (၆) နေရာ ရပ်တည်နေ
Photos: Getty Images
Photos: Getty Images
Published 12 October 2019

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အောက်တိုဘာ (၁၁) ရက်က ကစားခဲ့သည့် လူဇင်ဘတ်အသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘဝတစ်လျှောက် သွင်းဂိုးစုစုပေါင်းမှာ (၆၉၉)ဂိုးအထိ ရှိလာကြောင်း သိရသည်။

ယင်းပွဲတွင် အိမ်ရှင်ပေါ်တူဂီအသင်းက လူဇင်ဘတ်အသင်းကို (၃-ဝ) ဂိုးဖြင့် အနိုင်ရပြီး (၁၆)မိနစ်တွင် ဘာနာဒိုဆေးလ်ဗားက အဖွင့်ဂိုး၊ (၆၅) မိနစ်တွင် စီရော်နယ်လ်ဒိုက ရှေ့ထွက်လာသည့် ဂိုးသမားခေါင်းပေါ်မှ ကျော်၍ ဒုတိယဂိုးနှင့် (၈၉)မိနစ်တွင် လူစားဝင်ကစားသမား ဂယ်ဒက်စ်က တတိယဂိုးသွင်းယူခဲ့သည်။ 

လူဇင်ဘတ်အသင်းနှင့်ပွဲမှ ဂိုးမှာ စီရော်နယ်လ်ဒိုအတွက် ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝ (၁၆၁) ပွဲမြောက်တွင် (၉၄)ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ကလပ်နှင့် လက်ရွေးစင်အသင်းအတွက် သွင်းဂိုးစုစုပေါင်းမှာ (၆၉၉)ဂိုးအထိ ရှိလာခြင်းဖြစ်သည်။ 

စီရော်နယ်လ်ဒိုသည် လက်ရွေးစင်ကစားသမားဘဝ (၁၆)နှစ်အတွင်း (၉၄)ဂိုးသွင်းယူထားခြင်းဖြစ်ပြီး နိုင်ငံတကာဂိုးအများဆုံး စံချိန်တင်ထားသည့် အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီ၏ (၁၀၉)ဂိုးကိုလိုက်မီရန် (၁၅)ဂိုးသာ လိုအပ်တော့သည်။ 

ထို့ပြင် ၎င်းသည် ကလပ်အသင်းကစားသမားအဖြစ် စပို့တင်းလစ္စဘွန်းအသင်းအတွက် (၅)ဂိုး (၃၁ ပွဲ)၊ မန်ယူအသင်းအတွက် (၁၁၈) ဂိုး (၂၉၂ ပွဲ)၊ ရီးယဲလ်အသင်းအတွက် (၄၅၀) ဂိုး (၄၃၈ ပွဲ) နှင့် ဂျူဗင်တပ်စ်အသင်းအတွက် ၃၂ ဂိုး (၅၁ ပွဲ) သွင်းယူထားရာ ကစားသမားဘဝတစ်လျှောက် သွင်းဂိုးစုစုပေါင်း (၆၉၉)ဂိုးအထိ ရှိလာပြီး သမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားစာရင်းတွင် အဆင့် (၆) နေရာ ရပ်တည်လျက်ရှိကြောင်း သိရသည်။

ကစားသမားဘဝတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူအဖြစ် ဩစတြီးယားတိုက်စစ်မှူးဟောင်း ဘစ္စကန်က (၈၀၅)ဂိုးဖြင့် ရပ်တည်နေပြီး ၎င်း၏နောက်တွင် ပီလီ (ဘရာဇီးလ်)က (၇၇၉)ဂိုး၊ ရိုမာရီယို (ဘရာဇီးလ်)က (၇၄၈)ဂိုး၊ ပွတ်ရှ်ကပ်စ် (ဟန်ဂေရီ)က (၇၀၉)ဂိုး၊ ဂတ်မူလာ (ဂျာမနီ)က (၇၀၁)ဂိုး၊ စီရော်နယ်လ်ဒိုက (၆၉၉)ဂိုးဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။

Most Read

Most Recent