ဘာစီလိုနာ - အင်တာမီလန်ပွဲမှ ထူးခြားအချက်အလက်များ

ဘာစီလိုနာ - အင်တာမီလန်ပွဲမှ ထူးခြားအချက်အလက်များ
Published 3 October 2019

 

- ဘာစီလိုနာအသင်းအနေဖြင့် အင်တာမီလန်ဘက်သို့ (၂)မိနစ်တွင်ဂိုးပေးရခြင်းမှာ ၂၀၁၁၊ စက်တင်ဘာလ(ပါတို၏ ၄၈စက္ကန့်သွင်းဂိုး)နောက်ပိုင်း အမြန်ဆုံးပေးဂိုးဖြစ်ခဲ့သည်။

- ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သည် အီတလီကလပ်များနှင့်ရင်ဆိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲများတွင် သွင်းဂိုး(၇)ဂိုးအထိရှိလာပြီး နိုင်ငံအလိုက်တွင် သူ၏ဂိုးသွင်းမှုအများဆုံးဖြစ်သည်။

- အင်တာမီလန်အသင်းသည် ၂၀၀၉-၁၀ ရာသီကတည်းက ပထမဆုံးအဖြစ် အုပ်စုအဖွင့်ပွဲ (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။

- ဘာစီလိုနာအသင်းသည် အင်တာမီလန်နှင့်ချန်ပီယံလိဂ်အိမ်ကွင်းတွေ့ဆုံမှု (၅)ပွဲစလုံး အနိုင်ကစားထားခဲ့သည်။

- အင်တာမီလန်အသင်း၏ချန်ပီယံလိဂ်သမိုင်းတွင် ဦးဆောင်ဂိုးသွင်းပြီး အရေးနိမ့်မှုမှာ ယခုပွဲအပါအဝင် (၃)ပွဲသာရှိခဲ့သည်။

- အင်တာမီလန်အတွက် လော်တာရိုမာတီနက်ဇ်သွင်းယူသည့်ဂိုးမှာ ၂၀၁၁၊ ဧပြီလက ရှော်လ်ကေးဘက်သို့ စတန်ကိုဗစ် (၂၆)စက္ကန့်ဖြင့်ဂိုးသွင်းယူပြီးနောက်ပိုင်း အသင်း၏ချန်ပီယံလိဂ်အမြန်ဆုံးဂိုးဖြစ်ခဲ့သည်။

- ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သည် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ၂၀၁၆၊ စက်တင်ဘာလကတည်းက ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ခဲ့သည်။

- ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီမှာ အိမ်ကွင်းတွင်ကစားသည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံး(၁၃)ပွဲတွင် ပွဲတိုင်း ဂိုးသွင်းယူမှု သို့မဟုတ် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီး (၂၂)ဂိုးသွင်းကာ (၇)ဂိုးဖန်တီးပေးခဲ့သည်။

 

Most Read

Most Recent