ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အတွင်း တိုင်းဒေသကြီးအစိုးရကိုယ်စား မေးခွန်းဖြေကြားမှုများမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းသည့်အကြောင်းအရာများနှင့် ကွဲလွဲမှုများရှိနေဟုဆို

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အတွင်း တိုင်းဒေသကြီးအစိုးရကိုယ်စား မေးခွန်းဖြေကြားမှုများမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းသည့်အကြောင်းအရာများနှင့် ကွဲလွဲမှုများရှိနေဟုဆို
Published 1 October 2019
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အတွင်း တိုင်းဒေသကြီးအစိုးရကိုယ်စား မေးခွန်းဖြေကြားမှုများမှာ လွှတ်တော်ကိုယ်စားလှယ် များ၏ မေးမြန်းသည့် အကြောင်းအရာများနှင့် ကွဲလွဲမှုများရှိနေသောကြောင့် သေချာစွာစိ စစ်ဖြေကြားပေးရန် လွှတ်တော်အစီရင်ခံစာ တွင်ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃ဝရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ် တော် ၁၉ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေး ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင် ခံစာတွင် ယခုကဲ့သို့  ဖော်ပြထားခြင်းဖြစ်သည်။

“လွှတ်တော်အတွင်း တိုင်းဒေသကြီးအစိုးရကိုယ်စား မေးခွန်းဖြေကြားမှုများသည် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် အကြောင်းအရာများနှင့် ကွဲလွဲမှုများရှိနေ၍ သေချာစွာစိစစ်ဖြေကြားပေးပါရန်၊ လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းရာတွင် ဝန်ကြီးများ၏ မူလဖြေကြားချိန်၌ ကတိကဝတ်မဝင်သော်လည်း ဆက်စပ်မေးခွန်းထပ်မံမေးမြန်းရာတွင် ကတိကဝတ်ဖြစ်ပေါ်သွားသော အကြောင်းအရာများအား အကောင်အထည်ဖော်ဆောင်ရွက်ရမည့်  ဌာနအကြီးအကဲ များအား အချိန်မီအသိပေးအကြောင်းကြားရန်”ဟု ကော်မတီဥက္ကဋ္ဌ ဦးဇေယျာမင်းသိန်းက အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းစဉ် ထည့်သွင်းဖတ်ကြားခဲ့သည်။

ထို့ပြင် အဆိုပါ အစီရင်ခံစာ၌ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ နှင့် အဆင့်ဆင့်သော ကော်မတီများအနေဖြင့် ဆုံးဖြတ်ရန်ကိစ္စများ၊ မြေယာလက်ရောက်ပေးအပ်ရမည့် ကိစ္စရပ်များ၊ မြေယာလျော်ကြေးပေးအပ်ရန် လျာထားမှုများအား မှန်မှန်ကန်ကန် ထိထိရောက်ရောက်ဆောင်ရွက်ရန်၊စည်ပင်သာယာရေးဝန်ကြီးဌာနတွင် Civil အင် ဂျင်နီယာများ၊ M & E အင်ဂျင်နီယာများတိုးချဲ့ဖွဲ့စည်း၍ နေ့စားဝန်ထမ်းများအလုပ်ခွင် တည်မြဲရေးအတွက် ကူညီဖြေရှင်းပေးရန်၊ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများကြောင့် တာဝန်ရှိသူများ၏ လာဘ်ပေး၊ လာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ တာဝန်ကိုပေါ့ဆစွာ ဆောင်ရွက်မှု၊ ဥပဒေချိုးဖောက်နေမှုများအား သတိပေးရုံမဟုတ်ဘဲ အထူးကိစ္စရပ်အနေဖြင့် စိစစ်ဆောင်ရွက်ရန်နှင့် လွှတ်တော်မှဖွဲ့စည်း ပြီး စစ်ဆေးတင်ပြထားသည့် အစီရင်ခံစာကို အလေးထားဆောင်ရွက်ရန်ကိုပါ ထည့်သွင်း တိုက်တွန်းထားကြောင်း သိရသည်။

                            

 

Most Read

Most Recent