မန်ယူ နှင့် အာဆင်နယ် (အင်္ဂါနံနက် ၁း၃၀ နာရီ)
မန်ယူအသင်းက အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ အာဆင်နယ်ကို လက်ခံကစားရမှာဖြစ်ပြီး ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲလည်းဖြစ်တယ်။ (၂)သင်းစလုံးအတွက် စိတ်ပျက်စရာလို့ ပြောနိုင်တာကတော့ ရာသီစပြီး သိပ်မကြာခင်မှာပဲ ချန်ပီယံဆုအတွက် မျှော်လင့်နိုင်ခြင်းမရှိတဲ့အသင်းတွေအဖြစ် လက်ခံလို်က်ရတာပါပဲ။ မန်ယူအသင်းက ဝက်စ်ဟမ်းကွင်းမှာ (၂-၀) ဂိုးနဲ့ ရှုံးခဲ့တာကို ပြန်တုံ့ပြန်ရမှာဖြစ်ပေမယ့် ဒီအသင်းရဲ့ လက်ရှိခြေစွမ်းက ပြိုင်ပွဲစုံမှာ အားရစရာမဟုတ်ဘူး။ အာဆင်နယ်ကတော့ ဗီလာနဲ့ပွဲမှာ ဃ့မေခေအနမ ကောင်းကိုပြပြီး (၃-၂) ဂိုးနဲ့ အနိုင်ကစားခဲ့တယ်။ တစ်ယောက်ကျန်အနေအထားနဲ့ ချေပဂိုး၊ အနိုင်ဂိုးတွေ သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် ဒီအခြေအနေထိ အရောက်ခံခဲ့တာ များပါတယ်။ ခြေစွမ်းပိုင်းကလည်း အားရစရာသိပ်မရှိဘူး။ (၂)သင်းဆုံတဲ့ပွဲမှာ မန်ယူအတွက် ဒဏ်ရာပြဿနာရှိနေတဲ့ ရပ်ရှ်ဖို့ဒ် ကစားဖို့ မသေချာသလို၊ အာဆင်နယ်မှာလည်း လာကာဇက် မပါနိုင်ဘူး။ ခြေမကွာကြတဲ့အသင်းတွေဖြစ်လို့ (၁-၁)လောက်နဲ့ ပြီးသွားပါလိမ့်မယ်။

ပါးမား နှင့် တိုရီနို (အင်္ဂါနံနက် ၁းဝ၀ နာရီ)
အိမ်ကွင်း(၂)ပွဲဆက် ရှုံးနိမ့်ထားလို့ ဒီပွဲမှာ ပါးမားအမှတ် ပြန်ရှာပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိကစားပုံအရ တိုရီနိုကိုလည်း အသာစီးရမယ့်ပုံစံမျိုးမရှိပါဘူး။ နှစ်သင်းစလုံးတစ်ဂိုးစီလောက် သွင်းဖို့များပြီး သရေပွဲဖြစ်သွားမယ်ထင်တယ်။















