စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနည်းပြ ဂျရတ်က မိမိအား အနာဂတ်လီဗာပူးလ်နည်းပြအဖြစ် လက်ရှိနည်းပြ ကလော့ပ်က ထောက်ခံခဲ့သည့်အတွက် အံ့ဩဝမ်းသာမိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနည်းပြ ဂျရတ်က မိမိအား အနာဂတ်လီဗာပူးလ်နည်းပြအဖြစ် လက်ရှိနည်းပြ ကလော့ပ်က ထောက်ခံခဲ့သည့်အတွက် အံ့ဩဝမ်းသာမိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အသက် (၃၉)နှစ်ရှိ လီဗာပူးလ်ကွင်းလယ်လူဟောင်း ဂျရတ်သည် လီဗာပူးလ်ယူ-၁၈အသင်းကို ကိုင်တွယ်ခဲ့စဉ် ကလော့ပ်နှင့်လက် တွဲခဲ့ဖူးသူဖြစ်သည်။
ဂျရတ်က မိမိအနေဖြင့် အနာဂတ်တွင် လီဗာပူးလ်အသင်းနည်းပြဖြစ်လာရန် မျှော်လင့်ထားသော်လည်း လက်ရှိအချိန်တွင်မူ ကလော့ပ်အနေဖြင့် လီဗာပူးလ်၌ ကာလရှည်ဆက်ရှိရန်သာ ဆန္ဒရှိနေကြောင်းလည်း ဖွင့်ဟခဲ့သည်။
ဂျရတ်က "ဒီစကားကို ကြားလိုက်ရတဲ့အတွက် ကျွန်တော် အရမ်းအံ့ဩမိသလို ဝမ်းသာကြည်နူးတဲ့ ခံစားမှုမျိုးလည်း ဖြစ်မိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အသင်းကနေ သူထွက်ခွာသွားတာမျိုးကို အလိုမရှိပါဘူး"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ကလော့ပ်အား စာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့သော်လည်း ကလော့ပ်က အနာဂတ်အတွက် မစဉ်းစားသေးဟုဆိုကာ ပယ်ချခဲ့ပြီး မိမိအနေဖြင့် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးလျှင် ဘောလုံးလောက အနားယူဖွယ်ရှိသည်ဟုလည်း ပြောကြားထားသည်။















